လီဗာပူး နည်းပြဟောင်း ဖြစ်ပါတယ်။

ဆဲလ်တစ်အသင်းနဲ့အတူ စကော့တလန်မှာ အောင်မြင်နေတဲ့ ရော်ဂျာက ယခင် လီဗာပူးနည်းပြဟောင်း ဖြစ်ခဲ့ဖူးပြီး ယခုအခါမှာ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းကတော့ နည်းပြကလောက်ပေါလ်ကို ထုတ်ပယ်လိုက်ပြီးနောက် စကော့တလန်ကလပ် ဆဲလ်တစ်အသင်းရဲ့ နည်းပြ ရော်ဂျာကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်လိုက်ပြီလို့ Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။

ဒီမနက်အစောပိုင်းမှာ ကစားခဲ့တဲ့ လက်စတာနဲ့ ဘရိုက်တန်တို့ပွဲကို နည်းပြသစ် ရော်ဂျာအနေနဲ့ တာဝန်ယူကိုင်တွယ်ခြင်း မရှိသေးပဲ ပွဲကြည့်စင်ကနေသာ လာရောက်အားပေးခဲ့တာလည်း တွေ့ရပါတယ်။ လက်စတာအသင်းရဲ့ ဒီပွဲကိုတော့ ဂိုးနည်းပြနဲ့ လက်ထောက်နည်းပြဖြစ်တဲ့ စတော့ဝဲလ်က တာဝန်ယူခဲ့တာဖြစ်ပြီး ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

လက်စတာအနေနဲ့ ဒီပွဲမတိုင်ခင် နောက်ဆုံး ကစားထားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ နိုင်ပွဲ လုံးဝမရှိခဲ့ဘဲ ၆ ပွဲရှုံး ၁ ပွဲသရေ ရလဒ်သာ ပိုင်ဆိုင်ထားခဲ့ပါတယ်။ ယခု ပရီးမီးယားလိဂ် နိုင်ပွဲကတော့ ဇန်နဝါရီလ ၁ ရက်နေ့က အဲဗာတန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီးနောက်ပိုင်း ပထမဆုံး နိုင်ပွဲလည်း ဖြစ်လာပါတယ်။

နည်းပြ ရော်ဂျာအနေနဲ့ လက်စတာအသင်းကို စတင်ကိုင်တွယ်ဖွယ်ရှိတဲ့ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ဖြစ်လာဖွယ်ရှိနေပြီး အဲဒီပွဲစဉ်နောက်မှာတော့ လက်စတာက ဖူဟမ်၊ ဘန်လေ၊ ဘုန်းမောက်တို့နဲ့ ဆက်လက် ယှဉ်ပြိုင်ကစားရပါမယ်။ ဘရိုက်တန်ကို အနိုင်ရခဲ့လို့ လက်စတာအသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာကို ရမှတ် ၃၅ မှတ်နဲ့ ယာယီ တက်လှမ်းထားနိုင်ပြီလည်း ဖြစ်ပါတယ်။

Share

က္က