စပါးအသင်းကလည်း အဝေးကွင်းမှာ နယူးကာဆယ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး တာထွက်လှခဲ့ပြန်လို့ အသင်းကြီးတွေ တာထွက်လှနေတာ ကိုသတိပြုရမှာဖြစ်ပါတယ်။

နည်းပြသစ်နဲ့ ပွဲထွက်လာမယ့် ချဲလ်ဆီးကတော့ ကစားသမားသစ်တွေကိုပါ ပူးတွဲမြင်ရဖို့ရှိနေပြီး မနှစ်က ခြေစွာခဲ့တဲ့ ဟက်ဒါဖီးက ဧည့်ခံ ကစားရမှုမှာ ဘယ်သူတာထွက်လှမလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

 

ဒီကနေ့ စနေနေ့ည သြဂုတ်လ ၁၁ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်ပွဲတွေကို စတင်ကစားခဲ့ပြီး အစောဆုံးပွဲတွေအဖြစ် မန်ယူနဲ့ လက်စတာ၊ န ယူးကာဆယ်နဲ့ စပါးအသင်းတို့ ကစားခဲ့ကြပါတယ်။

မန်ယူပွဲကတော့ ဒီကနေ့ မနက်အစောပိုင်းက ကစားခဲ့တာ ဖြစ်ပြီး မန်ယူကတော့ အိမ်ကွင်းမှာ လက်စတာစီးတီးအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူ ပြီး တာထွက်လှခဲ့ပါတယ်။

စပါးအသင်းကလည်း အဝေးကွင်းမှာ နယူးကာဆယ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး တာထွက်လှခဲ့ပြန်လို့ အသင်းကြီးတွေ တာထွက်လှနေတာ ကိုသတိပြုရမှာဖြစ်ပါတယ်။

ဆက်လက်ပြီး မြန်မာစံတော်ချိန် ည ၈ နာရီခွဲအချိန်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲကို ဆက်လက်ကစားမှာ ဖြစ်ပြီး ဘုန်းမောက်နဲ့ကာဒစ်စီးတီး၊ ဖူ ဟမ်နဲ့ခရစ္စတယ်ပဲလေစ်?ဟက်ဒါဖီးလ်နဲ့ ချဲလ်ဆီး၊ဝက်ဖို့ဒ်နဲ့ဘရိုက်တန် စတဲ့ ပွဲစဉ်တွေကို ဆက်လက်ကစားသွားအုံးမှာပါ။

အဆိုပါ ပွဲစဉ်တွေထဲက အသင်းကြီး တစ်သင်းဖြစ်တဲ့ လန်ဒန်ကလပ် ချဲလ်ဆီးအသင်းကတော့ ပရိသတ်တွေ ပိုမို သတိထားစောင့်ကြည့်မယ့် အသင်းလို့ယူဆပြီး နည်းပြသစ် ဆာရီကြောင့်လည်း စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က နည်းပြကွန်တီကို ထုတ်ပယ်ပြီး မနှစ်က နာပိုလီအသင်းကို စီးရီးအေမှာ အကောင်းဆုံး စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ ဆာရီကို နည်း ပြအဖြစ်ပြောင်းလဲခဲ့ပြီးနောက် ချဲလ်ဆီးက ဒီနှစ်မှာ ကစားသမားသစ်တစ်ချို့ကိုလည်းခေါ်ခဲ့ပါသေးတယ်။

ကွင်းလယ်လူ ဂျော်ဂျင်ဟို၊ကိုဗာဆစ်၊ဂိုးသမား ကီပါ၊ရောဘတ်ဂရင်းတို့ကိုခေါ်ယူနိုင်ခဲ့သလို အသင်းရဲ့ တောင်ပံ ကစားသမား ပက်ထရိုကိုလည်း စာချုပ်သက်တမ်းတိုးထားနိုင်ပါတယ်။

ဂိုးသမား ကေ်ာတိုရစ်ကိုတော့ စပိန်ကလပ် ရီးရဲအသင်းထံ ရောင်းချခဲ့ပြီး ဘီလ်ဘာအိုက ဂိုးသမား ကီပါကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူ ခဲ့လို့လည်း ဆာရီကို အားလုံးက အံ့အားသင့်နေကြပါတယ်။

Photo - Premier League

 

နောက်ဆုံးရ သတင်းများ

------------------------

- ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ဖာဘရီဂတ်စ်ကတော့ ဒူးဒဏ်ရာကြောင့် ဒီကနေ့ပွဲမှာ ပါဝင်နိုုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဗီအက်စ်ဗွီကို အငှားချထားတဲ့ မားကို့စ် ဗန်ဂျင်ဂယ်လ်ကတော့ အသင်းကိုပြန်ရောက်လာပေမယ့် ပွဲထွက်ခွင့်ရဦးမှာ မဟုတ်သေးပါဘူး။

- ချဲလ်ဆီးအသင်းအနေနဲ့ကတော့ ဒီပွဲအတွက် ပွဲပယ်ပြစ်ဒဏ် ကစားသမားတစ်ဦးမျှ မရှိသလို အခြားသော အဓိက ကစားသမား အစုံအလင် ကြံ့ခိုင်မှု ပြည့်ဝနေပါတယ်။

- ဟက်ဒါဖီးလ်ကတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် မကစားနိုင်မယ့် ဒန်နီဝီလီယံကလွဲလို့ ကျန်ကစားသမား ဒဏ်ရာ နဲ့ ပွဲပယ် ပြစ်ဒဏ် ကင်း စင်နေပါတယ်။

Photo - Tech2.org

 

ထူးခြားချက်များ

---------------

- ဟက်ဒါဖီးကတော့ ချဲလ်ဆီးနဲ့ နောက်ဆုံး ၈ ကြိမ်တွေ့ဆုံထားရာမှာတော့ တစ်ပွဲမှ အနိုင်မရသေးပဲ ၃ ပွဲသရေ ၅ ပွဲရှုံးထားပါတယ်။

- ဟက်ဒါဖီးကတော့ ချဲလ်ဆီးကို နောက်ဆုံါ် ၄ ကြိမ်ဆက် ရှုံးထားပြီး အသင်းသမိုင်းတစ်လျှောက် ဘယ်အသင်းကိုမှ ၅ ပွဲဆက် မရှုံးလို့ ဒီတစ် ကြိမ်ကိုရော စံချိန်ဆက်ထိန်းနိုင်မလား စောင့်ကြည့်ရပါမယ်။

- မနှစ်က ချဲလ်ဆီးက ၃-၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ ပွဲတုန်းက ချဲလ်ဆီးအသင်းသွင်းခဲ့တဲ့ ၃ ဂိုးစလုံးမှာ ကွင်းလယ်ကစားသမား ဝီလီယံက ပါဝင်ပတ်သက် ထားပြီး ၁ ဂိုးသွင်း ၂ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။

- ပရီးမီးယားလိဂ် အဖွင့်ပွဲကို ချဲလ်ဆီးက နောက်ဆုံး ၁၉ ပွဲမှာ တစ်ပွဲသာ ရှုံးဖူးပြီး ၁၅ ပွဲနိုင် ၃ ပွဲသရေကျအောင် ကစားထားနိုင်လို့ မှတ်တမ်း ကောင်း ပိုင်ဆိုင်ထားပါတယ်။

Photo - We Ain't Got No History

 

ထိပ်တိုက်တွေ့ဆုံမှုများ

----------------------

ဟက်ဒါဖီးလ် ၁-၃ ချဲလ်ဆီး (၂၀၁၇)

ချဲလ်ဆီး ၁-၁ ဟက်ဒါဖီးလ်(၂၀၁၈)

 

ပွဲကြို ပြောစကား

----------------

ဆာရီ (ချဲလ်ဆီးနည်းပြ) - " ကျွန်တော်ထင်ပါတယ်၊ကျွန်တော်တို့ ဒုတိယအကျော့မှသာ ပိုကောင်းနိုင်ပါလိမ့်မယ်။အခု ပထမ အကျော့မှာတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။"

 

ဒေးဗစ်ဝါဂ်နာ(ဟက်ဒါဖီးလ်နည်းပြ) - " ကျွန်တော်ခေါ်ယူထားတဲ့ အဲရစ်နဲ့ဒန်နီဝီလီယံကို အရမ်းကြိုက်ပါတယ်။ဂိုးသမားကတော့ ပွဲထွက်ပါလိမ့် မယ်။ဒန်နီကတော့ ဒဏ်ရာပြဿနာအနည်းငယ် ခံစားနေရပါတယ်။"

Share

က္က