ပရိသတ်တွေကတော့ အမျိုးမျိုးထင်ကြေးပေးနေကြတာပါပဲ။

ခန့်စည်သူနဲ့အတူ သတို့သမီးဝတ်စုံဝတ်ထားတဲ့ ကောင်မလေးအကြောင်းကို ရွှေသမီးက ပြောပြလာပါတယ်။ ဓာတ်ပုံထဲက သတို့သမီးလေးကတော့ နှင်းဆီပန်းလေးနဲ့ မျက်နှာကို အုပ်ထားတာဖြစ်ပါတယ်။

Photo: RBV



ရွှေသမီးကတော့ ခန့်စည်သူနဲ့ အတူတွဲရိုက်ထားတဲ့ မင်္ဂလာဆောင် ဓာတ်ပုံလေးအကြောင်းပြောပြလာပါတယ်။ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအများကြီးရခဲ့လို့လည်း အံ့သြခဲ့ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ဘာမှ ခံစားရတာတော့ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မျက်နှာလည်း မပါဘူးလေ။ ကိုယ့်ကိုလည်း မသိကြဘူးလေ။ ဒီပုံလေးအတွက် မှတ်ချက်တော့ မပေးချင်ပါဘူး။ အရမ်းပေါက်သွားတယ်ဆိုတာလည်း မသိဘူး။ ညီမက ဖေ့စ်ဘွတ်သိပ်မသုံးဘူး။ အမေကသုံးတာများတော့ ဘယ်မီဒီယာကတော့ ဘယ်လိုရေးလိုက်ပြီဆိုပြီးတော့ လာလာပြတယ်။ အဲဒီလောက်ကြီး ပေါက်သွားမယ်လို့လည်း မထင်ထားဘူး” လို့ သူကဆိုပါတယ်။

Photo: Kyaw Soe Win

ခန့်စည်သူနဲ့ သတို့သမီးဝတ်စုံ ဝတ်ထားတဲ့ ကောင်မလေးတို့ရဲ့ ဓာတ်ပုံမှာတော့ မျက်နှာကို နှင်းဆီပန်းလေးနဲ့ အုပ်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားအတွက် ပိုစတာလို့လည်း ပရိသတ်တွေ မသိရှိထားကြပါဘူး။ အနုပညာသမားတွေ အချင်းချင်းကတော့ သိကြတယ်လို့ ရွှေသမီးက ပြောပြခဲ့ပြန်ပါသေးတယ်။

“ ကောင်မလေးရဲ့ မျက်နှာက မပြတော့ အမျိုးမျိုးထင်ကြေးပေးကြတာပေါ့လေ။ ကိုယ်ဆိုတာကိုလည်း မသိကြပါဘူး။ အဲဒါက ဒီဇာတ်ကား ရုံတင်ခါနီး ပိုစတာအသစ် ပြန်ရိုက်တာပေါ့နော်။ ကိုယ့်အချင်းချင်းတွေကတော့ ဒီဓာတ်ပုံကိစ္စကို သိကြတာပေါ့နော်” ဆိုပြီးတော့ ဒီဇင်ဘာလ ၂ ရက်နေ့ညက “တောက်ချလိုက်မယ်” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: RBV

ရွှေသမီးဟာ အနုပညာပျိုးခင်ကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အချစ်တွေ အများ ကြီး ပိုင်ဆိုင်နေတဲ့ မင်းသမီးဆိုရင်လည်း မမှားပါဘူး။ ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင် ဇာတ် ကား ကြီး တွေလည်း အများကြီးပါ။ အခုဆိုရင်တော့ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ "တောက်ချလိုက်မယ်" ရုပ်ရှင်ဇာတ်ကားကြီးကလည်း ဒီဇင်ဘာလ ၂ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေပြီလို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က