ဇန်နဝါရီလ ၁၈ ရက်နေ့ဆိုရင် ရုံတင်ပါပြီ။

''သရဲသင်္ဘော'' ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၁၈ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီ ဇာတ်ကား ဟာ ခန့်စည်သူနဲ့ ခိုင်သင်းကြည်တို့ကို သရဲချောချောလေးတွေ အဖြစ် မြင်တွေ့ရမှာပါ။

 

ပရိသတ်အချစ်တော် အနုပညာရှင်များစွာပါဝင်ထားတဲ့ ''သရဲသင်္ဘော'' ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင် တွေရဲ့ အမှတ်တရ စကားတွေကိုလည်း မီဒီယာတွေကနေ တဆင့်ပြောပြခဲ့ပါတယ်။



ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ခန့်စည်သူနဲ့ ခိုင်သင်းကြည် တို့ကို သရဲ ကာရိုက်တာအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကတည်း အပေးအယူမျှတအောင် သရုပ်ဆောင်ခဲ့ကြတယ်လို့ ခိုင်သင်းကြည်က ပြောပြခဲ့ပါတယ်။

'' မခိုင်ရော၊ ကိုခန့်ရော ရုပ်ရှင်မှာဆိုရင် ပထမဦးဆုံး သရဲလုပ်ပြီးတော့ သရုပ်ဆောင်ကြတာ ဒါကြောင့် ခုနကတောင် ပြောနေတာ နှစ်ယောက်စလုံး သရဲချောလေး ချောနေကြတာကို လာကြည့်ပေးပါလို့။ မခိုင်လေးနဲ့ ကိုခန့် ကလည်း အတူတွဲသရုပ်ဆောင်လာတာ များတော့ အိုက်တင်လုပ်တဲ့ အခါမှာ အပေးအယူမျှမျှလုပ်လို့ရတယ်'' လို့ ခိုင်သင်းကြည်က ပြောပါတယ်။

 

ဒီဇာတ်ကားထဲမှာ သူရိယနဲ့ ဆုအိမ့်စံ တို့ကလည်း အတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာလည်း သူတို့ ကိုယ်တိုင် ကြိုးစားသရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

'' ဒီသရဲသဘောၤ ဇာတ်ကားက ဟာသကားလေးပါ။ ဒီဇာတ်ကားထဲမှာ ရယ်စရာလေးတွေ၊ ခြောက်ခြားစရာလေးတွေ၊ ပျော်ရွှင်စရာလေးတွေ အများကြီးပါပဲ။ ဒီဇာတ်ကားထဲမှာ အကုန်လုံးက ကြိုးကြိုးစားစား ရိုက်ကူးထားပါတယ်။ အဲ့ဒီဇာတ်ကား ရိုက်တုန်းကတော့ ကျွန်တော်တို့ နှစ်ယောက် မကြိုက်သေးပါဘူး'' ဆိုပြီးတော့ သူရိယ က ပြောပြလာပါတယ်။

 

သရဲသင်္ဘော ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သဘောၤပေါ်က ခရီးသည် တစ်ယောက်အဖြစ် မြင်ရမယ့် သွန်းဆက်ကိုတော့ ထူးထူး ခြားခြား ကာရိုက်တာလေးနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

'' ဒီဇာတ်ကားထဲမှာတော့ သွန်းဆက်က Tomboy ကာရိုက်တာလေးပေါ့နော်။ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးပဲပေါ့နော်။ ချစ်စရာ ကောင်းအောင်လည်း သရုပ်ဆောင်ထားပါတယ်။ Tom Boy ကာရိုက်တာနဲ့ ကတော့ ပထမဆုံး ရုံတင်တဲ့ ဇာတ်ကားပေါ့နော်။ ဒီကာရိုက်တာကို ဗီဒီယိုကားတွေမှာတော့ ရိုက်ဖူးပါတယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။

 

သရဲသင်္ဘော ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၁၈ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ခန့်စည်သူ၊ သူရိယ၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ ယုသန္တာတင်၊ သွန်းဆက်၊ ဆုအိမ့်စံ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က