Nintendo ရဲ့အမှတ်တံဆိပ်ထဲမှာမပါမဖြစ် Pokémon ဂိမ်းစီးရီးဟာ မိုဘိုင်းကို အကြီးစားထိုးဖောက်လာပြန်ပါပြီ။

ဆယ်စုနှစ်ပေါင်းများစွာ အအောင်မြင်ဆုံးဂိမ်းစီးရီးတစ်ခုအဖြစ် ရပ်တည်လာတဲ့ Pokémon ဟာ မိုဘိုင်းပေါ်ကို မူလ Gameplay အရသာကိုပေးနိုင်မယ့်ပုံစံမျိုးနဲ့ ချဉ်းကပ်လာပါပြီ။


         Pokemon ဆိုတဲ့ brand နာမည်ဟာဘယ်လောက်ကြီးလဲဆိုတာ Facebook နဲ့ တခြား mobile game website တွေမှာ sponsored လုပ်ပြီးကြေညာနေတဲ့ Pokemon mobile ဂိမ်းအတုတွေ အရေအတွက်ကိုကြည့်ရင်ကိုသိနိုင်ပါတယ်။




နောက်ဆုံးတော့ Pokemon Go အပြီးမှာ ပရိသတ်တွေ လနဲ့ချီပြီးမျှော်နေတဲ့ Nintendo က တရားဝင်လိုင်စင်နဲ့ ဖုန်းဂိမ်းအသစ် Pokemon Masters ထပ်ထွက်လာပါပြီ။ Pokemon Masters ဂိမ်းကို Beta Test အနေနဲ့ ဇူလိုင်မှာစပြီး VPN ကျော်ဆော့လို့ရခဲ့ပေမယ့် Global Release ကိုတော့ သြဂုတ်လ ၂၉ ရက်မှာမှ စတင်ခဲ့ပါတယ်။


STORY

ဇာတ်လမ်းအနေနဲ့ကတော့ ရိုးရှင်းပါတယ်။ Pasio ဆိုတဲ့ လူလုပ် Artificial ကျွန်းပေါ်မှာ တမူထူးခြားတဲ့ Pokemon Master League ပြိုင်ပွဲတစ်ခု ကျင်းပပါတယ်။ ပြိုင်ပွဲမှာ Poke’mon trainer တိုင်းဟာ သူတို့နဲ့အလိုက်ဖက်ဆုံး Poke’mon တစ်ကောင်စီပဲ သုံးခွင့်ရှိပါတယ်။ အဲလို Trainer နဲ့ Poke’mon အတွဲကို Sync Pair လို့ခေါ်ပြီး အခြား Sync Pair နှစ်တွဲနဲ့တွဲဖက်ကာ 3 vs 3 ပုံစံ ပြိုင်ပွဲဝင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် သိတဲ့အတိုင်း Poke’mon ထုံးစံ Pasio ကျွန်းပေါ်ကို Team Rocket တို့လို သူများ Poke’mon အချောင်နှိုက်မယ့် Team Break ဆိုတဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုလည်း ဝင်ရောက်လာခဲ့ပါတယ်။


GAMEPLAY


         Gameplay အနေနဲ့ကတော့ Poke’mon Go မှာ ငါးနှစ်သား Poke’mon ဂိမ်းလို့ feedback ပြခံခဲ့ရတဲ့အတွက် ဒီဂိမ်းမှာ မူလ Poke’mon ဂိမ်းက တိုက်ပွဲတွေအတိုင်း အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားထားတာတွေ့ရမှာပါ။ Poke’mon တွေရဲ့ သင်္ကေတဖြစ်တဲ့ Evolve ဖြစ်တာလည်း ပါပါတယ်။


အကြီးမားဆုံးပြောင်းလဲမှုကတော့ အလှည့်နဲ့ချရတဲ့ Turn-based စတိုင်လ်ကနေ Final Fantasy လိုမျိုး ATB real-time ပုံစံဖြစ်သွားပါတယ်။ မိုဘိုင်းမှာ ဥပမာပေးရရင် Clash Royale ကလို ဖြည်းဖြည်းချင်းပြည့်နေတဲ့ Move Bar ကိုတွက်ချက်ပြီး Poke’mon ရဲ့တိုက်ကွက် move တွေကို သုံးရမှာဖြစ်ပါတယ်။


         ယခင် Poke’mon ဂိမ်းတွေလိုပဲ ရွေးချယ်စရာတိုက်ကွက် တစ်ကောင်ကို ၄ခုစီပေးထားပါတယ်။ ထူးခြားတာက သုံးစရာမလိုတဲ့ Passive effect တွေပါ ပါဝင်လာပြီး move ၄ခုအတွင်းမှာ Item ထုတ်သုံးသလို သက်ဆိုင်ရာ Trainer ကဝင် ထောက်ပံ့ပေးတဲ့ Trainer Move တွေပါ ပါလာပါတယ်။ Trainer Move ရဲ့ထူးခြားချက်က ကိုယ့် Poke’mon မလှုပ်နိုင်တဲ့ အခြေအနေတွေမှာပါ အသုံးပြုနိုင်တာပါပဲ။ အဲဒါတွေအကုန်လုံးက Poke’mon Masters ရဲ့ gameplay ကို ထင်ထားတာထက် ပိုမိုနက်နဲစေပါတယ်။

         Poke’mon Trading Card Game နဲ့ Poke’mon Tetra ဆိုတဲ့ Arcadeဂိမ်းကို အခြေခံထားတဲ့အတွက် မူရင်းကလို Poke’mon တစ်ကောင်ချင်းမှာ Weakness, Resistance, Immune စတဲ့ အချက်အလက်တစ်ပုံကြီး မြင်ရမှာမဟုတ်ပါဘူး။ လက်ရှိမှာတော့ Type က တစ်မျိုးထက်ပိုပါနိုင်ပေမယ့် Weakness ကတော့ တစ်မျိုးထဲ ဖြစ်သွားပါတယ်။


Poke’mon Hardcore fan တွေအတွက်ကတော့ အရမ်း casual ဖြစ်သွားတယ်လို့ အပြစ်ပြောစရာရှိပေမယ့် ကောင်းတဲ့ဘက်ကပြန်ကြည့်ရင် တိုက်ပွဲတွေရဲ့နက်နဲမှုနဲ့ Balancing ကို ပိုအထောက်အပံ့ဖြစ်စေပါတယ်။


GRAPHICS AND MUSIC


      Graphics ပိုင်းကတော့အပြစ်ပြောစရာမရှိသလောက်ပါပဲ Character Model တွေက တော်တော်ကိုလှပါတယ်။ တချို့ဆို Poke’mon Mainline က ဂိမ်းတွေမှာ ဘာလို့ ဒီလောက်မကောင်းတာလဲတောင် ပြောကြပါတယ်။ 3v3 battle တွေမှာ စုစုပေါင်း ၆ယောက်ချတာ ဖြစ်တဲ့အတွက် မြင်ကွင်းကျယ်ပြီး Poke’mon လေးတွေ သေးသွားတာမျိုးရှိတော့ စစဆော့ချင်း ကသိကအောက်နည်းနည်းတော့ ဖြစ်နိုင်ပါတယ်။


         Music တေးဂီတပိုင်းကတော့ အပြစ်ပြောစရာမရှိတာထက် အင်မတန်ကောင်းတယ်လို့ကို ပြောလို့ရပါတယ်။ Official Game ဖြစ်တဲ့အတွက် ရှေ့ဂိမ်းပေါင်းစုံက Track တွေပြန်သုံးထားလို့ Title Screen စလာကတည်းက ရင်ထဲထိပါတယ်။ Main Base ဖြစ်တဲ့ Poke’mon Center က theme ဆိုရင် ကောင်းလွန်းလို့ လိုက်ညည်းမိတဲ့ထိဖြစ်နိုင်ပါတယ်။


         ဆိုးကျိုးကတော့ Quality ပိုင်းအရမ်းကောင်းတဲ့အတွက် RAM 3GB အောက်ဖုန်းတွေဆိုရင် Performance ကျပြီးတော့ လောလောဆယ် 32 bit ဖုန်းတွေမှာ ဆော့လို့မရသေးပါဘူး။


OTHER

       ခြုံကြည့်ရင်တော့ mobile game ဖြစ်တဲ့အညီ ထုံးစံအတိုင်း မဲဖောက်ရတဲ့ Gacha System နဲ့ Character အဆင့်အတန်းခွဲတဲ့ Stars ဆိုတာတွေပါလာပါတယ်။ အရမ်းထူးဆန်းပါတယ်၊ ပုံမှန်ဆို SSR 5stars အစရှိသဖြင့်မရတဲ့လူဟာ ဂိမ်းထဲမှာတော်တော်နောက်ကျကျန်ခဲ့ပါပြီ။ ဒီမှာတော့ Nintendo ကသူတို့ Gacha ကိုအတတ်နိုင်ဆုံး နာမည်ပျက်မခံ အဖတ်ဆယ်ချင်ပုံရပါတယ်။


အရှားဆုံး Character တွေကို သူများတွေက 1% chance (တချို့ဆိုပိုတောင်နည်း) လောက်ထားနေချိန်မှာ Poke’mon Masters ကတော့ 7% chance အထိတောင်တိုးပေးထားပါတယ်။ အကောင် ၁၀၀ ဖောက်ရင် ၇ကောင် ပျမ်းမျှရမယ်ဆိုတဲ့သဘောပါ။


         ပြီးရင် ဂိမ်းစကတည်းက 5stars တစ်ကောင်စပေးပါတယ်။ Story ဇာတ်လမ်းသွားကို ဆက်တိုက်ဆော့ရင် နောက်ထပ် ၂ ကောင်ထပ်ရပါတယ်။ အဲဒါအပြင် 5stars/SSR တွေရှိနေရင် ဂိမ်းတော်တော်များများမှာ အောက်ဆုံးက 3stars ဘာညာတွေက သုံးမရတဲ့စာရင်းထဲ ဝင်သွားတတ်ပါတယ်။


အဲလိုမဖြစ်တာ အနီးစပ်ဆုံးစဉ်းစားရင် Onmyoji လောက်ပဲရှိပြီး Poke’mon Masters မှာတော့ 3stars/normal တွေရဲ့အသုံးဝင်မှုက မရှိမဖြစ်လို့တောင် ပြောလို့ရပါတယ်။ ကိုယ့် player character ကတော့ Pikachu နဲ့စပြီး ပထမဆုံးအဖွဲ့ဝင်တွေက Misty နဲ့ Brock ဖြစ်ပါတယ်။


         မကောင်းတဲ့အချက်တွေအနေနဲ့ကတော့ Game Content တွေကို Story Mode ရဲ့နောက်မှာထားထားတာပါပဲ။ ဒါဟာပုံမှန်လို့ယူဆလို့ရပေမယ့် တချို့ဂိမ်းကို ဂိမ်းလိုမဆော့ပဲ ပါသမျှဇာတ်လမ်း အကုန် skip လုပ်ကျော်ပစ်တတ်တဲ့လူတွေအတွက် ပျင်းစရာကြီးဖြစ်ပြီး drop လိုက်တာမျိုးဖြစ်တတ်ပါတယ်။ ကိုယ့် Character ကို lvl တွေစွတ်တင်တတ်တဲ့လူမျိုးဆိုပိုဆိုးပါတယ်။


ပြီးရင် Energy/Stamina system မပါတဲ့အတွက် တစ်နေကုန်ဆော့ရင် Story mode အကုန်ပြီးသွားပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပုံမှန်မိုဘိုင်းဂိမ်းတွေလို Stamina ပြန်ပြန်စောင့်ခိုင်းတာ မပါလို့ စိတ်ကြိုက်ဆော့နိုင်တာကလည်း အားသာချက်တစ်ခုပါပဲ။


 အဲဒါတွေရဲ့တစ်ဝက် Chapter 10 အပြီးမှာတော့ ဂိမ်းရဲ့အရသာအစစ်ကို တစ်ဝက်စပွင့်ပါပြီ။ Co-op mode ပါ။ ရန်သူ boss ကို player 3 ယောက် online မှာ ပေါင်းပြီးတိုက်ခိုက်ရတာဖြစ်ပါတယ်။


 Chapter 18 အပြီးမှာတော့ တကယ်စပါပြီ။ Online မှာကိုယ်နဲ့တွဲပေးတဲ့ကောင်က လိုအပ်တဲ့ Poke’mon ယူမလာတာတွေ၊ ကိုယ်နဲ့အတွဲမညီတာတွေ၊ ရန်သူ phase မှာတစ်ဖုံးဖုံးသေတာတွေနဲ့ Ragequit (ရှုံးမဲမဲပြီးထွက်သွားတာ) အစရှိတဲ့ multiplayer ရဲ့ကင်ဆာတွေစပါလာပါပြီ။


ဒါပေမယ့်သိတဲ့အတိုင်း အရမ်းခက်တဲ့ boss fight တစ်ခုကိုသူငယ်ချင်းတွေအတွဲညီညီနဲ့ အနိုင်ရလိုက်တဲ့ feeling က ဘာနဲ့မှမတူပါဘူး။ ဒီတစ်ခုကတော့ Poke’mon Masters ဂိမ်းရဲ့ အရမ်းကိုကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

         နောက်မကောင်းတဲ့တစ်ချက်ကိုပြောပါဆိုရင်တော့ gacha rate တွေတင်ပေးထားတဲ့အတွက် ဂိမ်းရဲ့ Premium Currency ဖြစ်တဲ့ Gem ဈေးနှုန်းကတော်တော်ဈေးကြီးပါတယ်။ ချက်ချင်းဝုန်းဆိုသုံးချင်တဲ့ လူတွေအတွက် မကိုက်ပေမယ့် တစ်နေ့တစ်ခါပဲဆွဲမယ်ဆိုရင်တော့ တွက်ခြေကိုက်ပါတယ်။ ဂိမ်းအသက်ကခုမှတစ်ပတ်ကျော်ရုံလေးရှိသေးတဲ့အတွက် ကျန်တာတော့သိပ်ပြောစရာမရှိသေးပါဘူး။


         အရမ်းမိုက်တဲ့အချက်ကတော့ Character တွေအချင်းချင်းရဲ့ interaction - ပြောဆိုဆက်ဆံပုံတွေကို သေချာမြင်ရတာပါပဲ။ Poke’mon ဂိမ်းတိုင်းမှာ ကိုယ့်ရဲ့ player character ဟာကိုယ်ပါပဲ။ ပြီးရင် စကားမပြောပါဘူး။


ဒီမှာတော့ ပါခဲ့သမျှ မင်းသား မင်းသမီး character တွေအကုန် နာမည်ကိုယ်စီ ဇာတ်လမ်းကိုယ်စီ နဲ့အချင်းချင်း စကားတွေပြော သူငယ်ချင်းတွေဖြစ်နေပါလိမ့်မယ်။ သူတို့ရဲ့ဇာတ်လမ်းတွေကလဲ ကိုယ်ရေးခဲ့တဲ့ ဇာတ်ဖြစ်တာကြောင့် ပြန်တွေးရင် အင်မတန်ကြည်နူးဖို့ကောင်းပါတယ်။ ရှေ့ဂိမ်းက Reference တွေလဲ အများကြီးပါတဲ့အပြင် Internet Meme တွေလဲမထင်ရင် မထင်သလို ထည့်ထားတတ်ပါတယ်။


         သေချာတာကတော့ ပထမအပတ်မှာတင် ကစားသူဆယ်သန်းကျော်ပြီး ဝင်ငွေ 26 million စရခဲ့တဲ့ဂိမ်းက နယ်နယ်ရရမဟုတ်ပါဘူး။ Mobile Gamer လဲဖြစ်ပြီး Poke’mon Fan လဲဖြစ်တယ်ဆို လုံးဝကို လက်မလွှတ်သင့်တဲ့ဂိမ်းဖြစ်ပါတယ်။ Android တွေအတွက် Apkpure မှာရနိုင်သလို ဂိမ်းအစမှာ Singapore Region ရွေးထားဖို့တော့လိုပါတယ်။ လောလောဆယ် မြန်မာကိုမတွေ့လို့ Other Region သွားရွေးလိုက်ရင် ဆော့မရဘဲ အစကနေ ပြန်ရွေးရလို့ပါ။

         

Written by Lan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က