နွေရာသီစျေးကွက်အတွင်းမှာ ပြောင်းရွှေ့ချင်နေတာပါ။

အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ နေမာဟာ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အသင်းဖော်တွေနဲ့ အမြဲတမ်းအဆက်အသွယ်ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။ 


နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့ချင်တယ်လို့ နေမာက ပီအက််စ်ဂျီအသင်းဖော်တွေကို ပြောဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ နေမာဟာ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အသင်းဖော်တွေနဲ့ အမြဲတမ်းအဆက်အသွယ်ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။ 

စပိန်သတင်းဌာန Mundo Deportivo က ဖော်ပြခဲ့တာဖြစ်ပြီး ဘာစီလိုနာကလည်း သူတို့ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူဖို့ စိတ်အားထက်သန်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီဘက်က နေမာအတွက် ပြောင်းရွှေ့ကြေးသတ်မှတ်ခဲ့မှုက မြင့်မားနေခဲ့လို့ ဘာစီလိုနာအတွက် အခက်အခဲတွေရှိနေပြီး ပြီးခဲ့တဲ့နှစ်ကလည်း ခေါ်ယူဖို့အားထုတ်မှုက မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ 

ဘာပေအပါအဝင် သူနဲ့အရင်းနှီးဆုံးအသင်းဖော်တွေနဲ့ နေမာက အဆက်အသွယ်အမြဲတမ်းပြုလုပ်ခဲ့ပြီး ပြောဆိုခဲ့တာလို့လည်း သိရပါတယ်။ ပီအက်စ်ဂျီဟာ နေမာအတွက် ပေါင်သန်း ၁၈၀ အထိ မူလက စျေးခေါ်ထားခဲ့ပေမယ့် စာချုပ်ပါသဘောတူညီချက်အရ ကစားသမားရဲ့ တန်ဖိုးဟာ ပေါင် ၁၃၅သန်းအထိ ကျဆင်းလာခဲ့ပြီလို့ သိရပါတယ်။ 

ဘာစီလိုနာအနေနဲ့လည်း နေမာကို ခေါ်ယူနိုင်ဖို့အတွက်ဆိုရင် အသင်းကစားသမားတွေကို ပြန်လည်ရောင်းချမှုပြုလုပ်သွားရမှာဖြစ်ပါတယ်။ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ အနည်းငယ်ငြိစွန်းမှုတွေရှိနေသလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝင်ငွေပိုင်းထိခိုက်မှုတွေလည်း ဖြစ်ပေါ်လာခဲ့လို့ ဘာစီလိုနာအတွက် များပြားတဲ့ငွေကြေးပမာဏကို သုံးစွဲဖို့ကတော့ အခက်အခဲတွေရှိနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က