ရောဘတ် လီဝန်ဒေါစကီးဟာ လီယွန်နယ် မက်ဆီနဲ့ ဘယ်လို တိုက်စစ်မှူးမျိုးမဆို တွဲကစားချင်ကြတယ်လို့ ဝန်ခံ ပြောကြားခဲ့ပြီး အာဂျင်တီးနားဂန္တဝင်အတွက် ဘာစီလိုနာကို ပြန်လာဖို့က ရွေးချယ်စရာအဖြစ်ရှိနေဆဲဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ အနည်းဆုံး နောက်ထပ် ၁ နှစ်ဆက်နေဖို့ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း အာဂျင်တီးနားကြယ်ပွင့်အတွက် နူးကမ့်ကို ပြန်ပြီး ကစားသမားဘဝကို အဆုံးသတ်ဖို့က လှပတဲ့အဆုံးသတ်ဖြစ်လာနိုင်တာဖြစ်ပါတယ်။ လီဝန်ဒေါစကီဟာ လက်ရှိမှာ ဘာစီလိုနာအသင်း တိုက်စစ်ကို ဦးဆောင်နေတာဖြစ်ပြီး ကမ္ဘာ့ဖလားချန်ပီယံသာ နူးကမ့်ကို ပြန်လာမယ်ဆိုရင် ကြိုဆိုနေမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ကစားသမားဘဝကနေ အနားမယူခင် မက်ဆီနဲ့အတူတူ ကစားချင်လားလို့ မေးမြန်းခဲ့ရာမှာ လီဝန်ဒေါစကီးက အပြုံးနဲ့အတူ "အဲဒါက ကျွန်တော့်အပေါ် မမူတည်ပါဘူး။ ဒါပေမယ့် တခြားအချိန်တွေနဲ့ နှိုင်းယှဉ်ရင် သူက အခုဆိုရင် သူနဲ့ တွဲကစားဖို့ တိုက်စစ်မှူးတိုင်းက အိပ်မက်မက်ရမယ့် ဘောလုံးသမား ဖြစ်နေပါပြီ"လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ မက်ဆီက ဘလွန်ဒေါ ၈ ကြိမ်မြောက်ကို ရရှိဖို့ သေချာသလောက်ရှိနေပြီးဖြစ်တယ်လို့ ထင်မြင်လားလို့ မေးမြန်းခဲ့ရာမှာလည်း "ဟုတ်တာပေါ့။ တူညီတဲ့ကလပ်အသင်းအတွက် ကစားပေးနေတဲ့ နောက်ထပ် ကစားသမားတစ်ယောက် ရှိကောင်းရှိနိုင်ပါတယ်"
"ဒါပေမယ့်လည်း ဒီရာသီမှာ ဘလွန်ဒေါဆုကို ရရှိသွားမယ့်သူကို ဆုံးဖြတ်မယ့် ကမ္ဘာ့ဖလားရရှိသူကတော့ တစ်ဦးပဲ ရှိပြီး လီယိုက အခု ထိပ်ဆုံးအနေအထားမှာ ရှိနေတာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ သူ ရရှိခဲ့တဲ့ အောင်မြင်မှုက သူ့အတွက် အရာအားလုံးဖြစ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နေလို့ပါ။ သူ အခု အဲဒါကို ပျော်ရွှင်ခံစားနိုင်ပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။