ကနဦးအငှားနဲ့ အပြီးသတ်ခေါ်ယူခွင့်ပါရှိခဲ့ပါတယ်။

အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာတော့ အသင်းတိုင်းလိုလိုဟာ သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးစားခဲ့ကြပါတယ်။ စျေးကွက်ပိတ်သိမ်းဖို့ နီးလာလေလေ အပြောင်းအရွှေ့သတင်းတွေက ဆက်တိုက်ထွက်ပေါ်နေခဲ့ပြီး ထင်မှတ်မထားတဲ့ အပြောင်းအရွှေ့တချို့မှာ ပါဝင်လာခဲ့ပြီး ပရိသတ်တွေကို အနည်းနဲ့အများတော့ အံ့အားသင့်စေခဲ့ပါတယ်။ 

စပိန်ကလပ်တွေက ပိုမိုအလုပ်များခဲ့ကြပြီး ထိပ်သီးအသင်းတွေအားလုံး အပြောင်းအရွှေ့လုပ်ငန်းစဉ်တွေထဲ ပါဝင်ခဲ့ကြပါတယ်။ အားလုံးကို အံ့အားသင့်စေခဲ့တာကတော့ ဂရစ်မန်းကို အသင်းဟောင်းအက်သလက်တီကိုက အငှားခေါ်ယူခဲ့မှုဖြစ်ပါတယ်။ ဆောလ်နီဂွက်ဇ်ကို ချယ်လ်ဆီးဆီ အငှားချခဲ့တဲ့ အေတီကိုဟာ ဂရစ်မန်းကိုအငှားပြန်ခေါ်ခဲ့ပြီး အပြီးသတ်ဝယ်ယူဖို့အတွက် သဘောတူညီမှုပါရရှိခဲ့ပါတယ်။ 

၅ နှစ်ကြာကစားခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ အသင်းဟောင်းဆီ ဂရစ်မန်းက ခြေပြန်ချနိုင်ခဲ့ပြီး နူးကမ့်မှာ ၂နှစ်သာကြာမြင့်ခဲ့ပါတယ်။ ဘာစီလိုနာမှာ မက်ဆီနဲ့ တွဲဖက်ကစားချင်လို့ မရမကအသင်းပြောင်းခဲ့တဲ့ ဂရစ်မန်းဟာ နူးကမ့်မှာထင်မှတ်သလောက် မအောင်မြင်ခဲ့ဘဲ အသင်းဟောင်းဆီကို ပြန်ရောက်လာခဲ့ပါတယ်။ သူ့အတွက် အောင်မြေလို့ဆိုရမယ့် နေရာကို ပြန်သွားနိုင်ခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ ကျေနပ်သူအများအပြားရှိခဲ့ပါတယ်။ 

ဘာစီလိုနာကလည်း လုခ်ဒီဂျောင်ကို ဆီဗီလာကနေ အငှားနဲ့ ပြန်ခေါ်ယူခဲ့ပြီး စျေးကွက်ကိုပိတ်သိမ်းခဲ့ပါတယ်။ မက်ဆီ၊ ဂရစ်မန်း၊ ဂျူနီယာဖာပို၊ မိုရီဘာ၊ အီမာဆင်တို့ကို အသင်းကထွက်ခွင်ပေးခဲ့ပြီး ဒီဂျောင်၊ ဒီပိုင်း၊ အဂူရို၊ ဂါစီယာတို့ကို ဘာကာက ပြန်လည်ခေါ်ယူခဲ့ပါတယ်။ အေတီကိုကတော့ ပြီးခဲ့တဲဲ့ရာသီက ချန်ပီယံဖြစ်ခဲ့တဲ့ လူစာရင်းကို အနည်းငယ်သာအပြောင်းအလဲလုပ်ခဲ့ပြီး ဂရစ်မန်းကိုအားဖြည့်နိုင်ခဲ့တာက ကျေနပ်စရာပါပဲ။ 

Share

က္က