ဘာကာကတော့ အိမ်ကွင်း ၃ပွဲဆက်တိုက် အရေးနိမ့်သွားခဲ့ပါတယ်။

ဇာဗီရဲ့ ဘာစီလိုနာကတော့ မနေ့ကပွဲမှာ ရာယိုဗက်လက်ကာနိုကို အရေးနိမ့်သွားခဲ့ပြန်ပါပြီ။ ထုံးစံအတိုင်း တဂိုးတည်းနဲ့ ကပ်သိပ်ခံလိုက်ရတာဖြစ်ပြီး အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ကာ အခုဆို အိမ်ကွင်းရှုံးပွဲက ၃ ပွဲဆက်တိုက်ဖြစ်သွားခဲ့ပါပြီ။ ဒီပွဲမတိုင်ခင်မှာ ဖရန့်ဖတ်ကို ၂-၃၊ ကာဒစ်ဇ်ကို ၀-၁ တို့နဲ့ ဘာကာတို့ အရေးနိမ့်ခဲ့ပြီး ရာယိုကိုပါ အနိုင်မရခဲ့တာဖြစ်ပါတယ်။ 

ပွဲကစားချိန်မှတ်တမ်းတွေအရ ဘာကာတို့ အစစအရာရာအသာစီးရရှိခဲ့တာပါ။ ဂိုးပေါက်ငါးကြိမ်တည့်ခဲ့ပြီး ၁၈ ကြိမ်အထိ ကန်သွင်းခွင့်ရချိန်မှာ ဂိုးပေါက်ပျောက်ခဲ့ပြီး ကန်သွင်းခွင့် ၃ကြိမ်တည်းရှိကာ ဂိုးပေါက်တကြိမ်တည်းတည့်ခဲ့တဲ့ ရာယိုက အနိုင်ယူသွားတာပါ။ ဘောလုံးပိုင်ဆိုင်မှု ၇၂% အထိ ရှိခဲ့ပြီး ဘောလုံးပေးပို့မှုမှာလည်း ၃ဆ ၁ဆအထိရှိခဲ့ပေမယ့် Xabi Ball က ဒီနေ့လည်း အလုပ်မဖြစ်ခဲ့ပြန်ပါဘူး။ 

ဒီအတွက် ဆီဗီလာနဲ့ ပွဲအရေအတွက်တူကာ ရမှတ်လည်းတူညီနေပြီး ဂိုးကွာဟချက်ကြောင့်သာ ဘာကာတို့ ဒုတိယနေရာမှာရှိနေခဲ့ပြီး အဆင့် ၄ နေရာက အေတီကိုကပါ အဆင့် ၂ နေရာကို မျှော်လင့်လာနိုင်ပြီဖြစ်ပါတယ်။ ရီးရဲလ်အတွက်တော့ ဘာကာရဲ့ ရှုံးပွဲကကျေနပ်စရာဖြစ်ခဲ့ပြီး လက်ကျန် ၅ ပွဲအလိုမှာပဲ ၁၅ မှတ်အထိ ဖြတ်တောက်နိုင်ခဲ့လို့ သေချာပေါက်ချန်ပီယံဖြစ်တော့မှာပါ။ 

ဇာဗီကတော့ အသင်းဂိုးရရင်လည်း တပွဲတည်းမှာ အများအပြားသွင်းယူနိုင်ပြီး ဂိုးမရဘူးဆိုရင် ရှိသမျှတိုက်စစ်မှူးအကုန်ထည့်ကစားတာတောင် ဂိုးပေါက်ပျောက်နေတာကို ပြင်ဆင်နိုင်ခြင်းမရှိသေးပါဘူး။ မနေ့ကပွဲမှာလည်း အော်ဘာမီယန်း၊ တောရက်စ်၊ ဒီပိုင်း၊ ထရာအိုယေးတို့ကို အကုန်ထည့်ကန်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ ရှုံးပွဲနဲ့သာရင်ဆိုင်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က