ချန်ပီယံလိဂ်အုပ်စုအဆင့်ကတက်ရောက်ဖို့ အနိုင်ရဖို့လိုအပ်နေပါတယ်။

ဘာစီလိုနာဟာ လာလီဂါမှာ ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ၁၃ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်သလို ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရောက်ဖို့ကိုလည်း အသည်းပေါက်မတတ်ရုန်းကန်ရဦးမှာပါ။


ဘက်တစ်ကိုအရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဘာစီလိုနာနည်းပြဇာဗီက ချန်ပီယံလိဂ်အုပ်စုအဆင့်ကလွတ်မြောက်ဖို့ကစားရမယ့် ဘိုင်ယန်နဲ့ပွဲအတွက် အသင်းသားတွေကို သတိပေးသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ လာလီဂါမှာ ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ၁၃ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်သလို ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရောက်ဖို့ကိုလည်း အသည်းပေါက်မတတ်ရုန်းကန်ရဦးမှာပါ။

ဘိုင်ယန်ကိုအနိုင်ရမှသာ နောက်တဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပြီး သရေ ဒါမှမဟုတ် ရှုံးနိမ့်တာနဲ့ တဖက်မှာ ဘင်ဖီကာက အနိုင်ရခဲ့မယ်ဆိုရင် ဘာကာတို့ ယူရိုပါလိဂ်ကို ဆင်းကန်ရမှာလည်းဖြစ်ပါတယ်။ ဒါကြောင့် မြူးနစ်မှာ သွားကန်ရမယ့်ပွဲနဲ့ပတ်သက်ပြီး ဇာဗီက သူ့အသင်းသားတွေကို သားရဲတိရိစ္ဆာန်တွေလို ကစားဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ 

"တန်ပြန်တိုက်စစ်တွေကို ထိန်းနိုင်ဖို့ လိုအပ်ပါတယ်၊ ဒီသွင်းဂိုးက ကျနော့်ကို စိတ်ပျက်စေခဲ့ပြီး ဒီလိုအဖြစ်အပျက်မျိုးကို ငါတို့ ခဏခဏလုပ်နေတယ်လို့ မကြာသေးခင်ကမှ ပြောထားခဲ့တာပါ၊ ပိုပြီးတော့ နည်းစနစ်ကျဖို့လည်း လိုအပ်နေပါတယ်၊ ဒီလိုသွင်းဂိုးမျိုးကို ကျွန်တော်တို့ ခွင့်ပြုနေရမှာလည်းမဟုတ်ပါဘူး၊ ဒါက ကျွန်တော်တို့ရဲ့ အမှားပါပဲ"

"အခု မြူးနစ်မှာ ကျွန်တော်တို့ သားရဲတိရိစ္ဆာန်တွေလိုမျိုး ကစားရပါတော့မယ်၊ ရွေးချယ်စရာဘာမှမရှိပါဘူး၊ ဒါပေမယ့် အနိုင်ရဖို့အတွက်သွားမယ်၊ ဘာတွေဖြစ်မလဲ မြင်ရပါလိမ့်မယ်" လို့ ဇာဗီက ပြောဆိုသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ အုပ်စုတွင်းမှာ ငါးပွဲစလုံးအနိုင်ရရှိထားတာကြောင့် နောက်တဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပြီး သူတို့အတွက် ဒီပွဲက အရေးမပါတေ့ာပါဘူး။ 

Share

က္က