ပြဿနာဖြစ်ခဲ့တဲ့အပေါ် ဂွါဒီယိုလာက ဖွင့်ဟလာခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးညက်ဇ်နဲ့ ပြဿနာဖြစ်ပွားခဲ့တဲ့အပေါ် တစ်စုံတစ်ရာ ဖြေရှင်းခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။ မန်စီးတီးနဲ့ လီဗာပူးတို့ တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးမှာ အခုလိုပဲ နှစ်ယောက်သား ပြဿနာတက်ခဲ့တာပါ။



ဒီပွဲမှာ မန်စီးတီးက ဟာလန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အာနိုးလ်ရဲ့ ချေပဂိုးကြောင့် တစ်ဂိုးစီသရေကျခဲ့တာပါ။ ပွဲပြီးဆုံးချိန်မှာတော့ နူးညက်ဇ်နဲ့ ဂွါဒီယိုလာတို့ စကားအချေအတင်များခဲ့ကြပြီး ကလော့ပ်နဲ့ လီဗာပူးနည်းပြအဖွဲ့ဝင်တွေက ဖျန်ဖြေခဲ့ရပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဂွါဒီယိုလာက “နူးညက်ဇ်နဲ့ ဘာမှမဖြစ်ခဲ့ပါဘူး။ သူက ကျွန်တော့်ထက် ပိုသန်ပါတယ်။ ဘာပြဿနာမှလည်း မရှိပါဘူး။ အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ကျွန်တော် ကျေနပ်မိပါတယ်။ (၈) နှစ်ကြာတဲ့အချိန်အထိ လီဗာပူးရဲ့ ပြေးအား၊ ကစားအားက ဘုရား တ ရတုန်းပါပဲ”
“ဒါပေမယ့် ကျွန်တော်တို့ကလည်း သူတို့ကို အခွင့်အရေး နှစ်ကြိမ်တည်း ပေးခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေး (၈) ကြိမ် (၉) ကြိမ်လောက်ရခဲ့ပေမယ့် ဘောလုံးကတော့ ဒါမျိုးပါပဲ။ အချက်အလက်တွေက ဂိုးသွင်းဖို့ ပိုထိုက်တန်တဲ့သူကိုပဲ ပြတာပါ။ ထည့်တော့ မထွက်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီနှစ်သင်းရဲ့ သရေရလဒ်ကြောင့် ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ အနိုင်ရရှိသွားတဲ့ အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ကြားဖြတ် ဦးဆောင်သွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က