Full Ray Tracing နဲ့ ပုံဖော်ထားတဲ့ Cyberpunk ဂိမ်းမှာ AI စွမ်းအားကို သရုပ်ပြခဲ့ပါတယ်

Intel နဲ့ AMD တို့ထက် အမြဲလိုလို ရှေ့ပြေးနေတဲ့ Team Green ဟာ အရည်ချင်း ပြည့်ဝတဲ့ AI အသစ်ကို ထိုင်ဝမ်မှာ ကျင်းပနေတဲ့ Computex 2023 နည်းပညာ ပြပွဲမှာ သရုပ်ပြခဲ့ပါတယ်။

 

ဗီဒီယိုဂိမ်းတွေမှာ NPC (Non Playable Character) အများစု Story နဲ့ သက်ဆိုင်တဲ့ အကြောင်းရာ (Conversation) ကို တုံ့ပြန်ပေမယ့် တခြားဘာမှ သွားလုပ်လို့ မရဘူး။ ဒီနေရာမှာ လူချင်းတွေ့လို့ နှုတ်ဆက် စကားပြောတာကို AI နဲ့ သရုပ်ဖော်ထားပြီး ဗီဒီယိုထဲမှာ လေ့လာကြည့်နိုင်ပါတယ်။


 

Nvidia အဆိုရ Cyberpunk ဂိမ်းထဲက Ramen Shop ကို Ray Trace ၊ Path Trace နည်းပညာနဲ့ အမြင်ပိုင်းရ ဝေဝေဆာဆာ ဖြစ်နေအောင် ဖန်တီးထားသလို NPC “Jin” ကို ကစားသူ “Kai” က Kumon Aoki အကြောင်း စကားပြောနေပုံကို Jin နေရာက AI ပါဝင်ထားတာပါ။

 

ဒီ AI ကို Nvidia ACE လို့ နာမည်ပေးထားပြီး Video ဟာ Convai နဲ့ အတူတကွ ဖန်တီးထားတဲ့ Demo ပါ။ ACE ဟာ ကုမ္ပဏီရဲ့ NeMo Tool ကို အခြေခံထားပြီး Riva Speech-to-text ၊ Text-to-speech အစရှိတဲ့ Language Model ဖန်တီးတဲ့နေရာမှာ အသုံးပြုထားတယ်လို့ သိရပါတယ်။

 

ဒီ ဗီဒီယိုကို လေ့လာခြင်းအားဖြင့် Game Industry မှာ AI နဲ့ ချဥ်းကပ်ရင် ဘယ်လို အကျိုးဖြစ်ထွန်းနိုင်သလဲ မှန်းဆနိုင်ပြီး အခုလို တခန်းရပ် ပြဇာတ်ထက် နက်နဲတဲ့ ဖန်တီးမှုတွေ မြင်ရဖို့ မျှော်လင့်မိပါတယ်။


Source: The Verge

Share

Loading Next Article...
က္က