ဖေဖော်ဝါရီလအတွက်အမှတ်တရဖြစ်စေမယ့် ခရီးစဉ် (၄) ခု

ဆောင်းရဲ့ အအေးဓာတ်က ခပ်ပါးပါးလေး ကျန်ရှိနေသေးသလို နွေရဲ့အငွေ့အသက်ကလည်း လေပြည်ထဲမှာ စီးမျောလို့လာပါပြီ။ ဖေဖော်ဝါရီလဟာ ရာသီဥတုသာယာပြီး သွားလာရ အကောင်းဆုံးလလို့ ဆိုရင်လည်း မမှားပါဘူး။ဒီလို ပွင့်လင်းအကြိုရာသီရဲ့ အလှဆုံးအချိန်မှာ ချစ်သူ ဒါမှမဟုတ် မိသားစုတွေနဲ့ သွားလို့ အမှတ်တရဖြစ်စေမယ့် ခရီးစဉ် () ခုကို အသေးစိတ် လမ်းညွှန်ပေးလိုက်ပါတယ်။



ပင်လယ်ပြာပြာနဲ့ ချစ်သူများနေ့ (ငွေဆောင်/ချောင်းသာ)

ဖေဖော်ဝါရီမှာ ကမ်းခြေသွားရတာဟာ တကယ့်ကို လွတ်လပ်ပေါ့ပါးတဲ့ခံစားချက်ကို ပေးပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်တွေလို လူအုပ်ကြီး မရှိသေးသလို မိုးရာသီလိုလည်း လှိုင်းမကြမ်းပါဘူး။

ဒါ့အပြင် ဒီလရဲ့ ထူးခြားချက်က ကောင်းကင်ဟာ ပြာလွင်နေပြီး ရေပြင်က ကြည်လင်နေတာပါ။ ညနေစောင်း နေဝင်ချိန်မှာ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ရင်း ရွှေရောင်သန်းနေတဲ့ ပင်လယ်ပြင်ကြီးကို ကြည့်ရတာဟာ စိတ်ကို အပန်းပြေစေပါတယ်။ ငွေဆောင်ရောက်ရင် "ချစ်သူများကျွန်း" ဘက်ကို လမ်းလျှောက်သွားကြည့်ဖို့လည်း မမေ့ပါနဲ့ဦး၊ ကမ်းခြေက ရေစပ်မှာ လမ်းလျှောက်ရင်း ဓာတ်ပုံရိုက်ရတာ အကောင်းဆုံးပါပဲ။

အမှတ်တရညစာအတွက်ကိုတော့ ကမ်းခြေတစ်လျှောက်က ဟိုတယ်တွေမှာ စီစဉ်ပေးလေ့ရှိတဲ့ "Candlelight Dinner" ကို ကြိုတင်စာရင်းပေးထားပါ။ ချစ်သူနဲ့အတူ ပင်လယ်လေညင်းခံရင်း ဖယောင်းတိုင်မီးအောက်မှာ ညစာစားရတာဟာ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရ ဖြစ်မှာပါ။

ချယ်ရီတွေနဲ့ လွမ်းချင်း (တောင်ကြီး၊ ကလော၊ အင်းလေး)

ရှမ်းပြည်ရဲ့ အအေးဓာတ်က ဖေဖော်ဝါရီမှာတော့ လူကို ခိုက်ခိုက်တုန်စေတဲ့ အအေးမျိုး မဟုတ်တော့ဘဲ လန်းဆန်းစေတဲ့ ခပ်သော့သော့လေပြည်အဖြစ် ပြောင်းလဲသွားပါပြီ။ ဒီအချိန်ဟာ ချယ်ရီပန်းတွေရဲ့ နောက်ဆုံးလက်ကျန် အလှကို ခံစားရမယ့် အချိန်ဖြစ်လို့ ပန်းရောင်ရင့်ရင့် ချယ်ရီပွင့်တွေကြားမှာ ဓာတ်ပုံရိုက်ရင် ကိုရီးယားကားထဲကလို ခံစားချက်မျိုး ရစေမှာပါ။ 

မနက်ခင်းမှာ ရှမ်းရိုးရာ အစားအစာဖြစ်တဲ့ ရှမ်းခေါက်ဆွဲ ပူပူနွေးနွေးလေးကို မြူနှင်းငွေ့ပါးပါးကြားမှာ စားပြီးရင်တော့ ချယ်ရီပင်အောက်မှာ အမှတ်တရပုံလေးတွေ ရိုက်ပြီး ရှမ်းပြည်ရဲ့အငွေ့အသက်ကို ခံစားကြည့်ပါ။ 

ဒါ့အပြင် ဖေဖော်ဝါရီရဲ့ လက်ဆောင်မွန်ဖြစ်တဲ့ စတော်ဘယ်ရီသီး ချိုချိုအေးအေးလေးတွေကို စိုက်ခင်းထဲအထိ သွားခူးဆွတ်စားနိုင်သလို အင်းလေးကန်အနီးက ဝိုင်ခြံတွေမှာလည်း စပျစ်ခြံနောက်ခံနဲ့ အလှပုံရိုက်ရင်း ဝိုင်အရသာကို မြည်းစမ်းနိုင်ပါသေးတယ်။ အေးချမ်းတဲ့ တောင်တန်းမြေမှာ ချစ်ခင်ရသူတွေနဲ့အတူ စကားစမြည်ပြောရင်း ကုန်ဆုံးစေဖို့ ဖေဖော်ဝါရီ ရှမ်းပြည်ခရီးစဉ်က အသင့်တော်ဆုံးပါပဲ။

ရှေးဟောင်းအနုပညာနဲ့ အညာမြေ (ပုဂံ)

"ပုဂံကို သွားမယ်ဆို ဖေဖော်ဝါရီမှာ သွားပါ" လို့ ခရီးသွားကျွမ်းကျင်သူတွေက အမြဲပြောလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုဂံရဲ့ အပူရှိန်ဟာ ဒီလမှာ နေလို့အကောင်းဆုံးဖြစ်နေလို့ပါ။ 

အလှဆုံးအချိန်ကို မြင်ချင်ရင်တော့ မနက်ခင်း ၅ နာရီခွဲလောက်မှာ ဘုရားကုန်းမြင့်တစ်ခုပေါ်ကနေ နေထွက်တာကို စောင့်ကြည့်ပါ။ မြူခိုးတွေကြားက ထွက်လာတဲ့ နေမင်းကြီးနဲ့အတူ ကောင်းကင်ထက်မှာ ပျံတက်လာတဲ့ မိုးပျံပူဖောင်းကြီးတွေဟာ ပုဂံရဲ့ ပြယုဂ်ပါပဲ။

E-bike တစ်စီးငှားပြီး လူသူအရောက်နည်းတဲ့ စေတီပုထိုးတွေကို လည်ပတ်ကြည့်နိုင်သလို ညနေစောင်းမှာတော့ ဧရာဝတီမြစ်ကမ်းဘေးက ဆိုင်လေးတွေမှာ ထိုင်ရင်း နေဝင်ချိန်ကို ငေးမောလိုက်ပါ။

ပုဂံမှာ ဖေဖော်ဝါရီလဟာ ဖုန် သိပ်မထသေးသလို သစ်ပင်လေးတွေလည်း စိမ်းလန်းနေဆဲမို့ သမိုင်းဝင် အနုပညာတွေကို အေးအေးဆေးဆေး လေ့လာနိုင်ပါတယ်။

ဖေဖော်ဝါရီလဟာ ခရီးသွားရတာ ဝန်မပိစေဘဲ စိတ်အပန်းပြေဆုံး လတစ်လ ဖြစ်ပါတယ်။ သင်က ပင်လယ်ကို ချစ်တဲ့သူလား၊ တောင်တန်းတွေကို ခံစားချင်သူလား ဒါမှမဟုတ် ရှေးဟောင်းအနုပညာကို မြတ်နိုးသူလား? ဘယ်လိုပဲဖြစ်ဖြစ် အထက်ပါ ခရီးစဉ် (၃) ခုထဲက တစ်ခုခုကို အခုပဲ သူငယ်ချင်း ဒါမှမဟုတ် ချစ်ရသူကို လက်တို့ပြီး တိုင်ပင်လိုက်ပါတော့။

ပန်းမြို့တော်ရဲ့ ဆွဲဆောင်မှု (ပြင်ဦးလွင်)

ဖေဖော်ဝါရီလထဲမှာ မြန်မာပြည်အနှံ့က ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး မြို့ကတော့ "ပန်းမြို့တော်" လို့ တင်စားခေါ်ဝေါ်ကြတဲ့ ပြင်ဦးလွင်ပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ပြင်ဦးလွင်ရဲ့ အအေးဓာတ်က လျော့သွားပြီ ဖြစ်ပေမဲ့ လတ်ဆတ်တဲ့ လေညင်းတွေကတော့ ခရီးသွားတွေကို အမြဲတမ်း ကြိုဆိုနေပါတယ်။

အမျိုးသားကန်တော်ကြီးဥယျာဉ် ထဲမှာဆိုရင် ဖေဖော်ဝါရီလဟာ ပန်းမျိုးစုံ အလှဆုံးပွင့်ဖူးနေတဲ့ အချိန်ပါ။ ကန်ဘောင်ဘေးမှာ လမ်းလျှောက်ရင်း ဒါမှမဟုတ် မြင်းလှည်းလေးစီးပြီး မြို့ထဲပတ်ရင်း ကိုလိုနီခေတ်ဟန် အဆောက်အဦးတွေကို ငေးမောရတာဟာ စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်ကို ပေးပါလိမ့်မယ်။

ဒါ့အပြင် ပြင်ဦးလွင်ရဲ့ နာမည်ကြီး ကော်ဖီခြံတွေထဲမှာ ကော်ဖီခါးခါးလေး သောက်ရင်း စာအုပ်ဖတ်မလား၊ ဒါမှမဟုတ် ပွဲကောက်ရေတံခွန်ဘက်မှာ မိသားစုနဲ့အတူ အပန်းဖြေမလား အားလုံးအဆင်ပြေပါတယ်။ ညနေခင်းရောက်ရင်တော့ နာမည်ကြီး ပြင်ဦးလွင် ရှမ်းခေါက်ဆွဲနဲ့ နွားနို့ပူပူလေးကို မြည်းစမ်းကြည့်ဖို့ မမေ့ပါနဲ့ဦး။ အပူအအေး မျှတပြီး သွားရလာရ လွယ်ကူတဲ့အတွက် ပြင်ဦးလွင်ကလည်း ဖေဖော်ဝါရီလအတွက် အသင့်တော်ဆုံး ခရီးစဉ်တစ်ခု ဖြစ်မှာ အသေအချာပါပဲ။


ဆောင်းအကုန် နွေအကူးရဲ့ သာယာတဲ့ရာသီဥတုမှာ ပင်လယ်ပြာပြာ ဒါမှမဟုတ် ချယ်ရီပွင့်တဲ့ တောင်တန်းတွေဆီ ခရီးထွက်ဖို့ ဖေဖော်ဝါရီက အကောင်းဆုံးပါပဲ။ ပြန်တွေးတိုင်း ပျော်စရာကောင်းမယ့် အမှတ်တရတွေကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့ အခုပဲ အလှဆုံးခရီးစဉ်တစ်ခုကို ပုံဖော်လိုက်ရအောင်


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က