ချစ်သုဝေရဲ့ အမြွှာသမီးလေးတွေနာမည်နဲ့ တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်း မွေးရာပါ နှလုံးအပေါက်ပါတဲ့ ရောဂါရှင်များကို ကုသပေးနေတာပါ။ မတ်လ(၂၈) ရက်နေ့ကလည်း နှလုံးတွင်းသွေးကြောအပိုပါတဲ့ ကလေးလေးကို ခွဲစိတ်ရန် မလိုအောင် ကုသပေးနိုင်ခဲ့တာ တွေ့ရပါတယ်။
Photo : ခေတ်သစ်ဖောင်ဒေးရှင်း
အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ဇနီးမောင်နှံက သမီးလေးတွေ နာမည်နဲ့တည်ထောင်ထားတဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကနေ မွေးရာပါ နှလုံးတွင်းသွေားကြောအပိုကို ခွဲစိတ်ရန် မလိုဘဲ အဆို့နဲ့ပိတ်ပြီး အောင်မြင်စွာ ကုသပေးခဲ့ပြန်ပါပြီ။
“ခေတ်သစ်ဖောင်ဒေးရှင်းအနေဖြင့် ၂၈.၃.၂၀၁၉ နေတွင် လက်ပံတန်းမြို့နေ မသိမ့်သိမ့်သူ၏ မွေးရာပါနှလုံးတွင်းသွေးကြောအပိုကို ခွဲစိတ်ရန်မလိုဘဲ အဆို့ဖြင့်ပိတ်၍ အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပါသည်။” ဆိုပြီး မတ်လ(၂၈) ရက်နေ့က ခေတ်သစ်ဖောင်ဒေးရှင်း ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : ခေတ်သစ်ဖောင်ဒေးရှင်း
ကလေးလေးအတွက် ခွဲစိတ်ဆရာဝန်ကြီးများမှ အခမဲ့ ကုသပေးပြီး နှလုံးသွေးကြောပိတ်တဲ့ အဆို့ကိုတော့ ခေတ်သစ်ဖောင်ဒေးရှင်းက လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းကနေ နောက်ထပ်ကုသမှု တစ်ခုကို အောင်မြင်မှု ကုသပေးနိုင်ခဲ့တဲ့အတွက်လည်း ချစ်သုဝေတစ်ယောက် ပျော်မဆုံး ဖြစ်လို့နေပါတယ်။
‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ ကို ၂၀၁၉ခုနှစ်၊ဇန်နဝါရီ(၁၉) ရက်နေ့က ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ “ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄)နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာအသက်(၅)နှစ်အောက် ကလေးများ အမှန်တကယ်ခွဲ စိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Photo : ခေတ်သစ်ဖောင်ဒေးရှင်း
လက်ရှိမှာတော့ လင်းလင်းနဲ့ ချစ်သုဝေ(Chit Thu Wai) တို့ ဇနီးမောင်နှံဟာ ‘’ခေတ်သစ် ဖောင်ဒေးရှင်း’’ အတွက် အလှူငွေကျပ် သိန်း ၂၀၀ ကို မတည်ထားတယ်လို့ သိရပါတယ်။ အဲဒီနောက် Channel 7 ရဲ့ မိသားစု Program မှာလည်း ‘’ခေတ် နဲ့ သစ်တို့ရဲ့ ကမ္ဘာ’’ ဆိုတဲ့ အစီအစဉ်ကို ရိုက်ကူးပြီး အလှူငွေတွေလည်း ထည့်လှူနိုင်ဖို့ စီစဉ်ထားတယ်လို့ ချစ်သုဝေက မီဒီယာတွေကို ပြောပြခဲ့ဖူးပါတယ်။