နန်စီအသင်းကို ဝယ်ယူဖို့အတွက် စီစဉ်နေတာပါ။

မန်စီးတီးအသင်းပိုင်ရှင်တွေအနေနဲ့ ဥရောပထိပ်တန်းလိဂ်အားလုံးမှာ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ခ်မန်ဆာရဲ့ City Football Group အနေနဲ့ နဝမမြောက်အ သင်းသစ်တစ်သင်းကို ဝယ်ယူဖို့အတွက် စတင်ပြင်ဆင်နေပြီဖြစ်ပြီး တရားဝင်ညှိနှိုင်းမှုတွေပြုလုပ်ဖို့နီးစပ်နေပြီ ဖြစ်တယ်လို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

သတင်းဖော်ပြမှုတွေအရ City Football Group အနေနဲ့ ပြင်သစ်လီဂူး-၁ မှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့စီစဉ်နေ တာဖြစ်ပြီး အလယ်အလတ်အသင်းတစ်သင်းဖြစ်တဲ့ နန်စီအသင်းကို ဝယ်ယူဖို့အတွက် ပြင်ဆင်နေတာဖြစ်တယ် လို့ ဖော်ပြမှုတွေရှိနေခဲ့တာပါ။



လက်ရှိမှာ အင်္ဂလန်၊ သြစတြေးလျ၊ ဂျပန်၊ တရုတ်၊ စပိန်၊ အိန္ဒိယ၊ အမေရိကန်၊ ဥရုဂွေးနိုင်ငံတွေမှာ အသင်းတစ် သင်းဆီပိုင်ဆိုင်ထားပြီး အကယ်ဒမီ ၉ခုအတွက် ရင်းနှီးမြှုပ်နှံထားတဲ့ City Football Group အနေနဲ့ နန်စီအသ င်းရဲ့ ရှယ်ယာအများစုကို ဝယ်ယူဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

“ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေကို မငြင်းဆန်လိုပါဘူး။ အခြေအနေတစ်ခုကိုစောင့် ကြည့်နေဆဲဖြစ်သလို ရည်ရွယ်ထားပါတယ်။ ပြင်သစ်လိဂ်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် နဂိုကတည်းကအစီအစဉ် ရှိပြီးသားပါ ” လို့ မန်စီးတီးအသင်းပိုင်ရှင်ရှိတ်ခ်မန်ဆာရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ရဲ့အတည်ပြုချက်ကို ဗြိတိန်မီဒီ ယာတွေက ဖော်ပြနေခဲ့တာပါ။

City Football Group အနေနဲ့ အင်္ဂလန်ကလပ်မန်စီးတီး၊ သြစတြေးလျကလပ်မဲလ်ဘုန်းစီးတီး၊ ဥရုဂွေးကလပ်မွ န်တီဗီဒီယိုစီးတီး အသင်းတွေရဲ့ ရှယ်ယာရာနှုန်းပြည့်ကို ပိုင်ဆိုင်ထားပြီး အမေရိကန်မေဂျာလိဂ်ကလပ်နယူးေ ယာ့ခ်စီးတီးမှာ ၈ဝရာခိုင်နှုန်း၊ အိန္ဒိယကလပ်မွန်ဘိုင်းစီးတီးအသင်းမှာ ၆၅ရာခိုင်နှုန်း၊ စပိန်ကလပ်ဂျီရိုနာအသင်း မှာ ၄၄ဒဿမ၃ရာခိုင်နှုန်း၊ တရုတ်ကလပ်စီချွမ်အသင်းမှာ ၂၈ရာခိုင်နှုန်း၊ ဂျပန်ကလပ်မာရီရာနို့စ်အသင်းမှာ ၂၀ ရာခိုင်နှုန်းအထိ ရှယ်ယာများရှိနေခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က