ရုံးချိန်းတစ်ရာကျော် အမှုစစ်ဆေးအပြီး အမိန့်ချမှတ်ခဲ့တာပါ။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ တရားခံကြည်လင်းနဲ့ အောင်ဝင်းဇော်ကို သေဒဏ်ကျခံစေရန် မြောက်ပိုင်းခရိုင်တရားရုံးကနေ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ၎င်းတို့လေးဦးကို နှစ်နှစ်နီးပါးကြား တရားရုံးကြာနာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ ရုံးချိန်းတစ်ရာကျော် အမှုစစ်ဆေးအပြီး အမိန့်ချမှတ်ခဲ့တာပါ။

“ေအာင်ဝင်းဇော်နဲ့ ကြည်လင်းနဲ့ကို ကြိုးမိန့်သေဒဏ်ချမှတ်လိုက်တယ်။ အယူခံဝင်မဝင်က ဥပဒေမှာကို သတ်မှတ်ထားပြီးသားပါ။ အဲ့ဒီဥပဒေကို သုံးချင်သုံး၊မသုံးချင်ရင် မသုံးနဲ့ ဒါက ကာယကံရှင်ရဲ့ ဆန္ဒပဲ ” လို့ တရားလိုရှေ့နေ ဖြစ်သူက မီဒီယာတွေက မေးမြန်းစဉ် ပြောခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြောက်ပိုင်းခရိုင်တရားရုံးမှာ သေနတ်သမားကြည်လင်းအပါအဝင် လေးဦးကို ရုံးထုတ်ခဲ့ပြီးတော့ နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက်ပေးခဲ့ပါတယ်။

သေနတ်သမားကြည်လင်းကို ပုဒ်မ ၃၀၂(၁)(ခ)/၃၄၊ပုဒ်မ ၃၀၂(၂)၊လက်နက်အမှုပုဒ်မ ၁၉(ဃ)(စ) နဲ့စွဲချက်တင်ထားတာဖြစ်ပြီးသေဒဏ် ချမှတ်ခဲ့ပြီး ထောင်ဒဏ် နှစ် (၂၃) ချမှတ်ခဲ့တာပါ။သေနတ်သမားကြည်လင်းကို လူသတ်ဖို့ ခိုင်းစေခဲ့တဲ့ အောင်ဝင်းဇော်ကိုတော့ ရာဇသတ်ကြီးပုဒ်မ၃၀၂ (၁)(ခ)/၃၄ နဲ့စွဲချက်တင်ထားတာဖြစ်ပြီးတော့ ကြိုးမိန့်သေဒဏ်ချမှတ်ခဲ့တာပါ။

အဆိုပါလုပ်ကြံလူသတ်မှုမှာပါဝင်ခဲ့တဲ့ အောင်ဝင်းထွန်းကိုတော့ ထောင်ဒဏ် (၃)နှစ်ချမှတ်ခဲ့တာပါ။  နောက်ထပ် ါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဇေယျာဖြိုးကိုတော့ ဦးကိုနီကိုလုပ်ကြံဖို့ အောင်ဝင်းခိုင်ကို ကျပ်သိန်း ၁၀၀၀ ပေးအပ်ခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ)/၁၀၉ နဲ့ စွဲချက်တင်ထားခဲ့ပြီး ထောင်ဒဏ် (၅)နှစ်ချမှတ်ခဲ့ပါတယ်။ ကြည်လင်းအပါအဝင် အဆိုပါလေးဦးကို တရားခံပြသက်သေစုစုပေါင်း ၇၂ ဦးအနက် ၃၈ ဦးကို စစ်ဆေးခဲ့ပြီးတော့ တရားလိုပြသက်သေ ၈၀ ဦးထဲက ၇၂ ဦးကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို တရားခံကြည်လင်းက သေနတ်နဲ့တေ့ကာ ပစ်သတ်ခဲ့တာဖြစ်ပြီးတော့ ကြည်လင်းကို ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့ ယာဉ်မောင်းကိုနေဝင်းလည်း သေနတ်ထိမှန်သေဆုံးခဲ့ပါတယ်။

Share

Loading Next Article...
က္က