ဒီစနစ်အောင်မြင်ရင် တိုးချဲ့သွားဖို့ရှိပါတယ်။

နယ်သာလန်နိုင်ငံဟာ ATM ငွေထုတ်စက်ပေါင်း ၃၀၀ ကို သုံးပြီး ပျောက်ဆုံးနေတဲ့ ကလေးငယ်များအကြောင်း သတင်းထုတ်ပြန်မှုလုပ်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။


         ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး လေဆိပ်များ အရောင်းစင်တာများမှာ ရှိတဲ့ ATM စက်တွေကနေ ပျောက်ဆုံးနေတဲ့ ကလေးများရဲ့ ဓါတ်ပုံကို ဖော်ပြလာတာ ဖြစ်ပါတယ် ။ နိုင်ငံ့အာဏာပိုင်တွေဟာ ဒီလို သတင်းထုတ်ပြန်မှုတွေ လုပ်ဆောင်ဖို့In2Retail ဆော့ဖ်ဝဲလ်ဝန်ဆောင်မှုနဲ့ပူးပေါင်းခဲ့တာ ဖြစ်တယ်လို့The Verge သတင်းမှာ ဆိုပါတယ်။



     

Photo: The Verge

    တကယ်လို့ဒီစနစ်သာ အောင်မြင်မယ်ဆိုရင် အာဏာပိုင်တွေအနေနဲ့တစ်နိုင်ငံလုံးက တစ်ခြား ATM ကုမ္ပဏီတွေနဲ့ပါ ပေါင်းပြီး နိုင်ငံအနှံ ဖြန့်ချိသွားဖို့စီစဉ်ထားပါတယ်။ အသိပေးချက်တပ်ဆင်နိုင်တဲ့ ATM စက်တွေဟာ နယ်သာလန် အတွက် ထုတ်ထားတဲ့ Vermist Kind Alerts နဲ့Amber Alerts ဆိုပြီး အသိပေးမှု နှစ်မျိုးစလုံး သုံးနိုင်မယ်လို့ဆိုပါတယ်။

         ဒီအသိပေးချက် နှစ်မျိုးစလုံးဟာ ပျောက်ဆုံးကလေးတွေကို ရှာဖွေရာမှာ သုံးတဲ့ အသိပေးချက်ဖြစ်ပြီး Amber Alert ကတော့ အသက်အန္တရာယ် ရုတ်တရပ်ကျရောက်တဲ့ အခြေအနေမျိုးမှာ သုံးတဲ့ အသိပေးမှု ဖြစ်ပါတယ်။ တကယ်လို့ဒီ Amber Alert ကို သုံးမယ်ဆိုရင် SMS မက်ဆေ့တစ်စောင် ပို့သွားမှာ ဖြစ်ပြီး Facebook noti တွေ ထုတ်ပေးသွားမှာပါ။ ရေဒီယိုနဲ့သတင်းအသံလွှင့်မှုများလည်း ကြားဖြတ်နှောင့်ယှက်နိုင်မယ်လို့ဆိုပါတယ်။

         AmberAlert.eu ရဲ့ ဖော်ပြချက်အရ ၂၀၁၈ ခုနှစ်ထဲမှာဥရောပတစ်ခွင်က ပျောက်ဆုံး ကလေးငယ် ၃၀ ခန့်ကနေ Amber Alert အသိပေးမှု ၂၆ ခု လုပ်ခဲ့ပြီး ဒီလို အသိပေးခဲ့တဲ့ ကလေးငယ်တွေထဲက ၉၇% ကို ပြန်ရှာတွေ့နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ပျောက်နေတဲ့ ကလေးငယ် ပြန်တွေ့တာနဲ့အများပြည်သူရှေ့မှောက် ချပြခဲ့တဲ့ သတင်းအချက်အလက်အားလုံးကို ပြန်ဖျက်သွားမယ်လို့လည်း AmberAlert.eu က ဖော်ပြထားပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က