နည်းပြလမ်းပတ် ပထမဦးဆုံးခေါ်ယူခဲ့တဲ့ ကစားသမားပါ။

ချဲလ်ဆီးအသင်းအနေနဲ့ အေဂျက်ဇ်တောင်ပံကစားသမားကို ပေါင် ၃၆.၆သန်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုခေါ်ယူ ထားခဲ့ပြီလည်းဖြစ်ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီကုန်ဆုံးချိန်တွင် အေဂျက်ဇ်အသင်းကနေထွက်ခွာတော့မယ့် တောင်ပံကစားသမားဇီ ရက်ဇ်အနေနဲ့ နယ်သာလန်လိဂ်ဖျက်သိမ်းခဲ့ပေမယ့် ချဲလ်ဆီးအသင်းဆီကို သတ်မှတ်ထားတဲ့ ဇွန်လရောက်မှပူး ပေါင်းဖို့ရှိနေတယ်လို့ dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

နယ်သာလန်အမှတ်ပေးလိဂ်အနေနဲ့ လက်ကျန်ပွဲစဉ်တွေယှဉ်ပြိုင်ဖို့ ကျန်ရှိနေသေးပေမယ့် ၂၀၁၉-၂၀ ဘောလုံး ရာသီအား ဖျက်သိမ်းခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပြီးဖြစ်တဲ့အတွက် ဇီယက်စ်အနေနဲ့ အေဂျက်ဇ်အသင်းကနေ ထွက်ခွာရတော့မှာလည်းဖြစ်ပါတယ်။



ချဲလ်ဆီးအသင်းအနေနဲ့ ဇီရက်ဇ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ပေါင် ၃၆.၆သန်းဖြင့် ခေါ် ယူနိုင်ခဲ့ပြီး ကစားသမားဖြစ်သူကို ရာသီကုန်တွင် လာရောက်ပူးပေါင်းဖို့ နှစ်ဖက်သဘောတူညီမှုရယူထားခဲ့တာ လည်းဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားကြဖို့ရှိနေတဲ့အတွက် ရာသီသစ် အပြောင်းအရွှေ့စျေးကွက်ဖွင့်လှစ်မယ့်အချိန်ကို အတည်မပြုနိုင်သေးသလို ကစားသမားခေါ်ယူမှုအများအတွ က် အသင်းတွေအကြားမှာလည်း အပြန်အလှန်မေးခွန်းထုတ်မှုများရှိနေခဲ့ပါတယ်။

သို့ဖြစ်၍ ဇီရက်စ်အနေနဲ့ မေလအကုန်အထိ နယ်သာလန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ရှိနေပြီး အသင်းသစ်နဲ့ ပူးပေါင်းဖို့အခြေအနေက ချဲလ်ဆီးနည်းပြလမ်းပတ်ရဲ့ ဆုံးဖြတ်ချက်အပေါ် အဓိကမူတည်နေကြောင်း ဗြိတိန်မီဒီ ယာအများစုက သုံးသပ်ဖော်ပြမှုတွေရှိနေပါတယ်။

Share

Loading Next Article...
က္က