မိဘတွေက သားသမီးများကို နာမည်ကြီးကျောင်းတွေမှာ အပ်နှံတာမျိုးတွေရှိနေပါတယ်။

နာမည်ကြီးကျောင်းတွေမှာ နယ်ကျော်ကျောင်းအပ်လို့ သတ်မှတ်ကျောင်းသားထက် ပိုများနေတာကို လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။



တစ်နှစ်ထက်တစ်နှစ် ကျောင်းသားဦးရေ များပြားလာခြင်းကြောင့် ကျောင်းအပ်နှုန်းမြင့်မားလာမှုတွေရှိတဲ့အတွက် ကျောင်းသားများကို သက်ဆိုင်ရာနယ်မြေတွေမှာသာ ကျောင်းအပ်နှံကြရန် တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ အများအားဖြင့် ပြဿနာရှိနေတာက မြို့ကြီးတွေက နာမည်ကြီးကျောင်းတွေမှာ ရှိတတ်တယ်၊ အထူးသဖြင့် ရန်ကုန်မှာပေါ့နော်။ နာမည်ကြီးကျောင်းတွေမှာ မိဘတွေက သူတို့သားသမီးတွေကို နယ်ကျော်ပြီးကျောင်းအပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားကြတယ်။ အဲဒီလိုမျိုးတွေကြိုးစားကြလို့ ထိန်းချုပ်ရတဲ့ သဘောမျိုးဖြစ်တယ်၊ ဒီလိုတွေမဖြစ်အောင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းအတွေအလိုက် စစ်ဆေးဆောင်ရွက်နေတယ်” လို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Duwun ကို မေလ (၂၇)ရက်နေ့မှာ ပြောပါတယ်။

Photo -Ted Thet Naing Win

သတ်ဆိုင်ရာနယ်မြေအတွင်းမှာသာ ကျောင်းအပ်ကြဖို့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက သတ်မှတ်ခဲ့ပေမဲ့ လိုက်နာမှု အားနည်းခဲ့တယ်လို့လည်း သိရပါတယ်။ ကျောင်းတစ်ကျောင်းမှာ ရှိသင့်တဲ့သတ်မှတ်ကျောင်းသားဦးရေအထိသာ လက်ခံမှာဖြစ်ပြီး နာမည်ကြီးကျောင်းတွေမှာ နယ်ကျော်ကျောင်းအပ်လို့ သတ်မှတ်ကျောင်းသားထက် ပိုများနေတာကို လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ စာသင်နှစ်အစဖြစ်တဲ့ ကျေားင်အပ်ကာလတွေမှာ သက်ဆိုင်ရာသတ်မှတ်ချက်တွေကို ထုတ်ပြန်ကြေညာထားပြီး အဆိုပါ ထုတ်ပြန်ချက်မှာလည်း နယ်မြေကျော်လွန်ပြီး ကျောင်းအပ်နှံခြင်းမပြုကြရန် ပါဝင်ပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မေလ(၂၅)ရက်နေ့မှစတင်ကာ ကျောင်းအပ်လက်ခံနေပြီ ဖြစ်ပါတယ်။ ကျောင်းအပ်ကာလမှာ ပညာရေးဝန်ကြီးဌာရဲ့ထုတ်ပြန်ချက်ပါ အချက်တွေနဲ့ မကိုက်ညီပါက ပညာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် (သို့မဟုတ်) dpsoffice@moe.edu.mm ကို email ပေးပို့ တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က