သရုပ်ဆောင်မေပန်းချီရဲ့ ညီမဖြစ်သူငွေစန္ဒာစိုးနောင်ရဲ့ ပထမဆုံးသီချင်းလေးဖြစ်တဲ့"အိပ်မက်သက်သက်"သီချင်းလေးကတော့ထွက်ရှိပြီးမကြာခင်မှာပဲ ထင်မထားလောက်အောင်အားပေးမှုတွေကြောင့်မေပန်းချီက ပရိသတ်တွေကိုကျေးဇူးတင်စကားဆိုလာပါတယ်။
"ပန်းချီ ညီမလေးသီချင်းလေးကို ထင်မထားလောက်အောင် နားထောင်ပေးကြတာကြည်နူးမိပါတယ်"ဆိုပြီးသူမရဲ့ဆိုရှယ်မီဒီယာထက်ကနေ ကျေးဇူးတင်စကားဆိုလာပါတယ်။
Photo-May Panche FB
မေပန်းချီရဲ့ညီမလေးငွေစန္ဒာစိုးနောင်ကအနုပညာလောကနဲ့စိမ်းသူတစ်ယောက်ဆိုပေမယ့်လည်း အသံအေးအေးလေးနဲ့ အတူ အိပ်မက်သက်သက်သီချင်းလေးကိုသီဆိုထားတာကြောင့် ပရိသတ်တွေသဘောကျနှစ်သက်မှုကိုခံနေရသူလေးပါ။
သီချင်းထွက်ရှိပြီးတစ်နာရီအတွင်းမှာ နားထောင်သူ တစ်သိန်းကျော်အထိ ရှိလာခဲ့ပြီး မှတ်ချက်ကောင်းတွေလည်း ရရှိထားပါတယ်။
ညီမဖြစ်သူရဲ့အသံပါရမီနဲ့ပတ်သက်ပြီးတော့လည်း သရုပ်ဆောင်မေပန်းချီက “အမေမရှိတော့တဲ့ နောက်ပိုင်းမှ ကိုယ်က အစ်မကြီးအမိရာ နေရာဖြစ်လာတော့ ကိုယ့်ညီမလေးရဲ့ အားသာချက်တွေ ပိုသိလာတယ်။ ညီမလေးက အသံအရမ်းကောင်းတယ်။ သူ စတူဒီယို ထဲမှာ သီချင်းဆိုနေရင်းနဲ့ အပြင်မှာ ငိုနေမိတယ်။ ငါ့ညီမ လေးအရမ်းတော်တာကို ငါ့အမေကို မပြလိုက်ရလေခြင်း၊ ငါ့အမေရှိစဉ်ကာလမှာ ငါ့ညီမလေးကို ဘာလို့ မပံ့ပိုးပေးခဲ့ရတာလဲဆိုပြီး ငိုမိတယ်။ ညီမလေးအတွက် ကိုယ်က ပိုပြီး ပိုက်ဆံရှာချင်လာတယ်။ အခုဆို ပန်းချီမှာ ညီမ လေးရှိတယ်။ သူ့အတွက် ပန်းချီ ရှင်သန်ပေး ရမယ်။အဲ့ ကြောင့်မို့လို့ ဒီအချိန်မှာ ပြန်သန်မာလာတာ ပေါ့" ဆိုပြီး Duwun Cele Yatkwat ကို ဖြေကြားဖူးထားပါသေးတယ်။
Photo-May Panche FB
သရုပ်ဆောင်မေပန်းချီရဲ့ညီမလေးကတော့ က လေးတစ်ယောက်ဆိုပေမယ့်လည်း တကယ့်လက်တွေ့မှာ အစ်မဖြစ်သူ ကိုပါစိတ်ခွန်အားတွေ ပေးနိုင်တဲ့အထိ ကို သန်မာတဲ့ကလေးတစ်ယောက်ပါ။
"သူ့ကို အနုပညာလောကထဲကိုလည်း အတင်း ဆွဲမခေါ်ဘူး။ သူက အွန်လိုင်းတောင် ကောင်းကောင်းသုံးနိုင်တဲ့အထဲ မပါတော့ ပန်းချီ့ စိတ်ထဲ သူ့ကို ကလေးလို့ပဲ သတ်မှတ်ထားတာ။ ညီမလေးကို ကိုယ့်လောက် သန်မာလိမ့်မယ်လို့ လုံးဝကို မထင်ထားဘူး။ ကိုယ်က အ မေ မရှိလို့ ကျရှုံးနေတဲ့အချိန်မှာ ‘အ မေက အဲ့လိုမျိုးကိုကြိူက်မှာမဟုတ်ဘူး။သူလည်းရှိနေတာပဲ’ ဆိုပြီးပြောတဲ့အချိန် ပန်းချီ တကယ်ကို အံ့သြတာ။ နောက်ဆုံး ပန်းချီ့ ဝေယျာဝစ္စ တွေက အစ အကုန်ပြင်ဆင်ပေးတာ။ လက်ရာကလည်း အမေ့လက်ရာအတိုင်းပဲ " ဆိုပြီး ညီမဖြစ်သူရဲ့ ရင့်ကျက် လိမ္မာ သိတတ်မှုတွေ အ ကြောင်းကို ပီတိမျက်ရည်ဝိုင်းပြီး ပြောပြခဲ့ပါတယ်။
Photo-May Panche FB
အခုဆိုရင်လည်း အကျီ်အွန်လိုင်းရှော့တွေမှာ ဓာတ်ပုံရိုက်ကူးလာတာတွေ့ရပြီး အခုဆိုရင်သီချင်းပါ သီဆိုနိုင်တဲ့အထိကို တော်ပြီးအရည်အချင်းရှိတာကြောင့်ပရိသတ်တွေအချစ်ပိုနေရသူလေးလည်းဖြစ်ပါတယ် ။
သရုပ်ဆောင် မေပန်းချီ က တော့ အနုပညာ လောကထဲရောက်ရှိခဲ့တာ ၁ဝစုနှစ် တစ်ခုကြာရှိပြီဖြစ်ပြီး နာမည်ရ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ချစ်ခင် အားပေးမှုကိုလည်း ရရှိထားသူလည်း ဖြစ်ပါတယ်။
Share