အယ်လ်အာလီနဲ့ပွဲမှာ ပင်နယ်တီ ၃ ကြိမ်လောက် ရော်နယ်ဒို ငြင်းဆန်ခံခဲ့ရပါတယ်။

ညက ကစားခဲ့တဲ့ ယူအေအီးကလပ် ရှာဘတ်အယ်လ်အာလီနဲ့ပွဲမှာ ရော်နယ်ဒိုရဲ့ အလှပဆုံးသွင်းဂိုးတဂိုးက အခိုးခံလိုက်ရတယ်လို့ သူ့ရဲ့ ပရိသတ်တ​ွေက ပြောဆိုခဲ့ကြပြီး ရသင့်တဲ့ ပင်နယ်တီတွေ မရခဲ့တာကိုလည်း ဝေဖန်ခဲ့ကြပါတယ်။​ ရော်နယ်ဒိုဟာ ပင်နယ်တီ ၂လုံးလောက်အထိ ပေးသင့်တာကို မပေးခဲ့ဘူးလို့ ယူဆကာ ကွင်းလယ်ဒိုင်ကို အော်ဟစ်ပြောဆိုပြီး ပေါက်ကွဲတဲ့အထိ ဖြစ်ခဲ့ပါတယ်။



ဒီပွဲမှာ အယ်လ်နာဆာတို့ တော်တော်လေးရုန်းကန်ခဲ့ရပြီး ပွဲကစားချိန် မိနစ် ၈၀ ကျော်အထိ ၂-၁ နဲ့ အရေးနိမ့်ခဲ့ကာ ၃ ဂိုးဆက်တိုက် ပြန်သွင်းနိုင်ခဲ့လို့ ၄-၂ နဲ့ အနိုင်ရပြီး အာရှချန်ပီယံလိဂ်ကို ဝင်ကစားခွင့်ရခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ဂိုးမရခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခဲ့ပြီး ဘရိုဇိုဗစ်အတွက် ဖန်တီးမှုတကြိမ် လုပ်ပေးနိုင်ခဲ့ပါတယ်။ 



ရော်နယ်ဒိုဟာ လှပတဲ့ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းဖို့ ကြိုးစားခဲ့ရာမှာ သူ့ကန်ချက်က ပြိုင်ဘက်နောက်ခံလူလက်နဲ့ ထိသွားခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ နောက်တခါမှာလည်း သူက ပြိုင်ဘက်နှစ်ဦးက​ြားကနေ ကျော်ဖြတ်ပြီး ဧရိယာထဲရောက်သွားချိန် သူ့ပြေးလမ်းကို နောက်ခံလူက ပိတ်ခဲ့လို့ လဲကျခဲ့ပေမယ့် ပင်နယ်တီမရခဲ့ပါဘူး။ 

ပရိသတ်တွေကတော့ "ရော်နယ်ဒိုက အာဂျင်တီးနားဂျာစီဝတ်ထားရင် ပင်နယ်တီရမှာပါ" ၊ "ရော်နယ်ဒိုက မက်ဆီမဟုတ်တော့ ပင်နယ်တီ ဘယ်ပေးပါ့မလဲ" ၊ "တပွဲလုံးမှာ ပင်နယ်တီ ၅ ကြိမ်လောက် အငြင်းခံခဲ့ရတာပဲ၊ ဖီဖာက ရော်နယ်ဒိုကို ဆန့်ကျင်နေတာ"လို့ ရေးသားပြောဆိုခဲ့ကြပါတယ်။ 

ရော်နယ်ဒိုဟာလည်း ဒါကြောင့် ဒေါသအကြီးအကျယ်ထွက်ပြီး ကွင်းလယ်ဒိုင်ကို အသားကုန်ငေါက်ငမ်းသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အယ်လ်နာဆာက နိုင်ပွဲရခဲ့ပြီး အာရှချန်ပီယံလိဂ်ကို ဝင်ကစားခွင့်ရခဲ့လို့ ကျေနပ်စရာတော့ ဖြစ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က