ရော်နယ်ဒိုကတော့ ကစားသမားဘဝမှာ အခုချိန်ထိ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်မှုဟာ သူ့ရဲ့အစားအသောက်အပေါ် ဆင်ခြင်တုံတရားနဲ့ စားသောက်နေထိုင်မှုက အဓိကအချက်တစ်ခုအနေနဲ့ ပါဝင်နေခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုရောက်ရှိလာမှုဟာ အသင်းဖော်တွေအပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုတွေရှိနေခဲ့ပြီး ပေါ်တူဂီသားရဲ့ နေထိုင်စားသောက်မှုပုံစံက အသင်းဖော်တွေကို ပိုမိုကျန်းမာစွာစားသောက်နေထိုင်ဖို့ တွန်းအားဖြစ်လာပြီလို့ ယူနိုက်တက်ဂိုးသမားလီဂရန့်က ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုကတော့ ကစားသမားဘဝမှာ အခုချိန်ထိ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်မှုဟာ သူ့ရဲ့အစားအသောက်အပေါ် ဆင်ခြင်တုံတရားနဲ့ စားသောက်နေထိုင်မှုက အဓိကအချက်တစ်ခုအနေနဲ့ ပါဝင်နေခဲ့တာဖြစ်ပါတယ်။
"ဒီတော့ သူ့ပန်းကန်ထဲဘာရှိလဲ မသိမသာလေးနဲ့ ကြည့်ရတာပေါ့ဗျာ၊ အသန့်ရှင်းဆုံးနဲ့ အကျန်းမာဆုံးပန်ကန်းဖြစ်တယ်ဆိုတာကို ခင်ဗျားတွေးကြည့်လို့ရတယ်၊ ကျွန်တော်ဟက်ဟက်ပက်ပက်ကို ရယ်မိတယ်၊ တစ်ယောက်မှ အချိုပွဲတွေကို ဘာလို့မထိရဲတာလဲ မသိဘူး" လို့ ပြောဆိုခဲ့ပါတယ်။
ရော်နယ်ဒိုဟာ သကြားပါဝင်မှုများတဲ့ အစားအသောက်တွေကို ရှောင်ရှားသလို အဆီပါဝင်မှုနည်းပါးတဲ့ အစားအစာတွေကိုသာ စားသုံးပြီး ကိုယ်ပိုင်အစာအာဟာရပညာရှင်တစ်ဦး ခေါ်ယူထားကာ တစ်နေ့ကို ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက် ၆ ကြိမ်အထိ စားသုံးနေတာဖြစ်ပါတယ်။