နယ်စပ်ဂိတ်ကနေ ပြည်တွင်းကိုပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့ နေရပ်ကို တိုက်ရိုက်ပြန်ခွင့်ပေးတော့မှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
photo- Captured from AP video
အစိုးရက သတ်မှတ်ပေးထားတဲ့နေရာတွေမှာ (၁၄)ရက်ကြား စောင့်ကြည့်ခံရပြီးမှ နေရပ်တွေကို ပြန်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ Covid 19 ရောဂါကူးစက်ခံရသူ (၁၄)ဦးရှိနေပြီဖြစ်ပြီး အများစုက ပည်ပကပြန်လည်ဝင်ရောက်လာသူတွေလည်းဖြစ်ပါတယ်။
အတည်ပြုလူနာ နံပတ် (၁၀)ကလည်း မြဝတီနယ်စပ်ဂိတ်ကတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူဖြစ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နယ်စပ်က ဝင်ရောက်လာတဲ့သူတွေကို အခုလို သတ်မှတ်ချက်ထုတ်ပြန်ပြီး (၁၄)ရက်ကြာ Quarantine လုပ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ပြည်ပကပြန်လာတဲ့ သူတွေကို Quarantine ထားဖို့အတွက် နေရာထိုင်ခင်းများတိုးချဲ့ဆောင်ရွက်ထားသလို နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာမည့် သူများအနေနဲ့ ဧပြီလ(၁၅)ရက်နေ့ နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ဖို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။