ယူနိုက်တက်ကလည်း ခြေစွမ်းဆိုးရွားခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ ပြိုင်ဘက်အသင်းက ပိုမိုကောင်းမွန်ခဲ့ကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ နယူးကာဆယ်က တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။



နယူးကာဆယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဒုတိယပိုင်း (၅၅) မိနစ်မှာ ဂေါ်ဒွန်က ထရစ်ပီယာရဲ့ ဖန်တီးမှုကတစ်ဆင့် လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့ပါတယ်။ ယူနိုက်တက်အတွက်တော့ ပြိုင်ပွဲစုံ နှစ်ပွဲဆက်တိုက်မှာ နိုင်ပွဲ ပျောက်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲအပြီးမှာ တန်ဟက်ခ်က “ဒီနေ့ပွဲအတွက် နယူးကာဆယ်ကို ချီးကျူးရပါလိမ့်မယ်။ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပြီး ပိုပြီးတော့လည်း ထိရောက်မှုရှိခဲ့ပါတယ်။ ဒီနေ့ပွဲဖြစ်ရပ်တွေအတွက် အသင်းနဲ့ ကျွန်တော် ဆွေးနွေးသွားမှာပါ။ ဒါပေမယ့် အသင်းအနေနဲ့ ပိုကောင်းတဲ့ ပုံစံပြသဖို့ လိုအပ်ခဲ့ပါတယ်”
“အသင်းရှုံးနိမ့်ချိန်မှာတော့ ဘယ်လိုမှ မပျော်ရွှင်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီအခြေအနေတွေကနေ ပြန်လည် ရုန်းထွက်လာနိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ပထမပိုင်းမှာ မာရှယ်လ်နဲ့ အပြန်အလှန်စကားများခဲ့တဲ့အပေါ်မှာလည်း တန်ဟက်ခ်က “ဒါက မာရှယ်လ်တစ်ယောက်တည်းနဲ့ မသက်ဆိုင်ပါဘူး။ တစ်သင်းလုံးနဲ့ ဆိုင်ပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီပွဲမှာ ရပ်ရှ်ဖို့ဒ်ကလည်း ဆိုးရွားတဲ့ ခြေစွမ်းကို ပြသခဲ့ပြီး ဒီအတွက် ရပ်ရှ်ဖို့ဒ်နဲ့ သီးသန့် ဆွေးနွေးသွားမယ်လို့ တန်ဟက်ခ်က ပြောထားပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ခံစစ်ပိုင်းကို လုံးဝမကူညီနိုင်ခဲ့ဘဲ ပြိုင်ဘက်ဂန္တဝင်အလန်ရှီးယားကတောင်မှ ဝေဖန်ခဲ့ရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က