မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုအဆင့် မဲခွဲပွဲမှာ ဘရိုက်တန်က အုပ်စုကျပ်ထဲ ကျရောက်သွားခဲ့ပါတယ်။ ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပုံစံကောင်းတွေ ပြသခဲ့ပြီး အခုလိုပဲ ဥရောပဝင်ခွင့်ရရှိခဲ့တာပါ။
ဘရိုက်တန်ဟာ အေဂျက်စ်၊ မာဆေးလ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အခြားသော အသင်းတစ်သင်းကတော့ အေအီးကေအေသင်စ်အသင်းပဲဖြစ်ပါတယ်။ အေဂျက်စ်၊ မာဆေးလ်တို့ဟာ သက်ဆိုင်ရာလိဂ်တွေမှာ ခြေစွာနေတဲ့ အသင်းတွေလည်းဖြစ်ပါတယ်။
ချန်ပီယံလိဂ်မဲခွဲပွဲမှာ နယူးကာဆယ်တို့ ပီအက်စ်ဂျီ၊ ဒေါ့မွန်၊ အေစီမီလန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီးနောက် ဥရောပမှာ ပရီးမီးယားလိဂ်ရဲ့ မျက်နှာသစ်အသင်းတစ်သင်းပဲဖြစ်တဲ့ ဘရိုက်တန်ကလည်း အုပ်စုကျပ်ထဲ ကျရောက်ခဲ့တာပါ။ လီဗာပူးကလည်း ဒီရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်သာရရှိခဲ့တာပါ။
လီဗာပူးကတော့ လက်စ်၊ တူးလော့စ်၊ ယူနီယံစိန့်ဂူလော့စ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စုချောင်ခဲ့တယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ရာသီ ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဝက်စ်ဟမ်းကလည်း ဒီရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။
ဝက်စ်ဟမ်းကတော့ အုပ်စု A မှာ အိုလံပီယာကော့စ်၊ ဖရိုင်းဘတ်၊ တိုပိုလာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အမှားခံလို့မရတဲ့ အနေအထားတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဘရိုက်တန်ကတော့ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာလည်း လေးစားစရာ ခြေစွမ်းကောင်းတစ်ရပ်ကို ပြသနေပြီး ဥရောပမှာလည်း ဒီခြေစွမ်းကို ဆက်လက်ထိန်းသိမ်းနိုင်မလား စောင့်ကြည့်ရမှာပါ။