ချယ်လ်ဆီးပရိသတ်တွေကတော့ စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်။

ချဲလ်ဆီးရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မေဆန်မောင့်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကစားသွားမယ့် နယူးကာဆယ်ယူနိုက်တက်နဲ့ပွဲမှာ အသင်းပရိသတ်တွေကို နှုတ်ဆက်သွားဖို့ စီစဉ်ထားကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်သားဟာ စတန်းဖို့ဘရစ်ချ်ကနေ ထွက်ခွာကာ အသင်းသစ်ပြောင်းရွှေ့တော့မယ်လို့ သတင်းထွက်နေတာပါ။ 

ချဲလ်ဆီးအကယ်ဒမီက ထွက်ပေါ်လာပြီး ပရိသတ်အကြိုက်ကစားသမားတဦး ဖြစ်လာခဲ့ပေမယ့်လည်း ဒီရာသီမှာ ပုံမှန်ကစားခွင့်မရခဲ့သလို အသင်းအနေအထားကလည်း ဆိုးရွားခဲ့တာကြောင့် မေဆန်မောင့်တယောက် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ဖွယ်ရှိပါတယ်။ လက်ရှိမှာ သူ့ကို ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေက ခေါ်ယူဖို့ရာ ကြိုးစားနေကြပါတယ်။ 

မန်ချက်စတာယူနိုက်တက်အသင်းက ရေပန်းအစားဆုံးဖြစ်နေကာ ခေါ်ယူနိုင်ဖို့ ၈၀% အထိ ရှိတယ်လို့ ဆိုပါတယ်။ လစ်ဗာပူးလ်နဲ့ အခြားအသင်းတချို့လည်း စောင့်ကြည့်နေကြပြီး သူ့ရဲ့ အနာဂတ်ကိုတော့ လာမယ့်တပတ်ထဲမှာ အတိအကျသိရဖွယ်ရှိကာ ချဲလ်ဆီးပရိသတ်တွေကတော့ ဒီသတင်းအတွက် စိတ်ပျက်နေကြပါတယ်။ 

မေဆန်မောင့်နဲ့ ချဲလ်ဆီးတို့ဟာ လာမယ့်ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သက်တမ်းမတိုးမြှင့်ရသေးပါဘူး။ ဒါကြောင့် မေဆန်မောင့်ကို အလွတ်ပြောင်းရွှေ့ခွင့်ပေးရရမယ့် အရေးကနေ ချဲလ်ဆီးက ရှောင်လွှဲဖို့ဆိုရင် မေဆန်မောင့်ကို လာမယ့်နွေရာသီမှာ ရောင်းချရမှာလည်းဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က