ပွဲထွက်ပါဝင်မှာလား၊ လူစားဝင်ကစားမှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းပြောဆိုသွားခြင်းမရှိဘဲ ရော်နယ်ဒိုကတော့ Lowry ဟိုတယ်ကို ရောက်ရှိခဲ့တဲ့ အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ဒီနေ့ည ကစားမယ့် နယူးကာဆယ်နဲ့့ပွဲမှာ ပရိသတ်တွေအားလုံးစောင့်မျှော်နေတဲ့ တိုက်စစ်မှူးရော်နယ်ဒို ပါဝင်ကစားပေးမယ်လို့ နည်းပြဆိုးလ်ရှားက အတည်ပြုလိုက်ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး ပွဲထွက်ပါဝင်မှာလား၊ လူစားဝင်ကစားမှာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းပြောဆိုသွားခြင်းမရှိဘဲ ရော်နယ်ဒိုကတော့ Lowry ဟိုတယ်ကို ရောက်ရှိခဲ့တဲ့ အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။
ယူနိုက်တက်ကို တကျော့ပြန်ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာ အသင်းအတွက် ပထမဆုံးပွဲကို ကစားပေးခွင့်ရရှိတော့မှာဖြစ်ပြီး သူ့ခြေစွမ်းကိုမြင်တွေ့ချင်တဲ့ ပရိသတ်တွေရဲ့ ဆန္ဒက ပြည့်ဝလာတော့မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားသစ်ဆိုရင် အရန်ခုံမှာ အရင်ထိုင်ခိုင်းလေ့ရှိတဲ့ ဆိုးလ်ရှားရဲ့ အကျင့်ကြောင့် ပွဲထွက်မှာလား၊ လူစားလဲဝင်ရောက်မှာလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါ။
"အဲဒါက ကျွန်တော့်အလုပ်ပါပဲ၊ သူ့ဆီကနေ အကောင်းဆုံးတွေရအောင် ကျွန်တော်လုပ်ရမှာပါ၊ အကောင်းဆုံးကစားနေတဲ့ ရော်နယ်ဒိုကို ကျွန်တော်မြင်တွေ့ချင်တယ်၊ ဒါတွေက ဆက်သွယ်မှုကနေ လာတာပါ" လို့ ဆိုးလ်ရှားက ထပ်ပြောခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားမှာဖြစ်ပြီး အဆိုပါနံပါတ်ကို
"ရော်နယ်ဒိုက အဲဒီဂျာစီကို သူရနိုင်မလားလို့ ကာဗာနီကို လေးစားမှုအပြည့်နဲ့ မေးမြန်းတောင်းဆိုခဲ့တာပါ၊ ကာဗာနီကလည်း သူ့ ဂျာစီကို ပေးဖို့ ကြည်ဖြူခဲ့ပါတယ်၊ ထိပ်တန်းပုဂ္ဂိုလ်တွေပါပဲ၊ ထိပ်တန်းပရော်ဖက်ရှင်နယ်တွေဖြစ်ပါတယ်' လို့ ဆိုးလ်ရှားက ထပ်မံပြောကြားခဲ့ပါတယ်။