ရေတိုစာချုပ်နဲ့ဆိုလည်း ကိုင်တွယ်ချင်နေတာပါ။

နယူးကာဆယ်နည်းပြဖြစ်လာပါက ဒါဘီမှာ ဂိုးနည်းပြအဖြစ်တာဝန်ယူနေတဲ့ နယူးကာကယ်နာမည်ကျော်ဂိုးသမားဟောင်း ရှေးဂစ်ဗင်ကိုပါ သူနဲ့အတူ ခေါ်ဆောင်လာဖို့ ရွန်နီက ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။ 


ဒါဘီနည်းပြအဖြစ်တာဝန်ယူထားတဲ့ ၀ိန်းရွန်နီဟာ နယူးကာဆယ်နည်းပြရာထူးကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ တကယ်လို့သာ စတိဗ်ဘရုစ်က ရာထူးကနေ ထုတ်ပယ်ခံခဲ့ရမယ်ဆိုရင် အဆိုပါရာထူးကို ဆက်ခံဖို့အတွက် ရွန်နီက ဆန္ဒရှိနေတယ်လို့ Chronicle Live က ဖော်ပြခဲ့တာဖြစ်ပါတယ်။ 



အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ဒါဘီနည်းပြဘဝမှာ ရလဒ်တွေထင်မှတ်သလောက် ကောင်းမွန်ခြင်းမရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်ကို နည်းပြတစ်ဦးအဖြစ်နဲ့ ပြန်လည်ရောက်ရှိလာမယ့် အခွင့်အရေးကို လိုချင်နေတာလည်းဖြစ်ပါတယ်။ ရေတိုစာချုပ်တစ်ရပ်နဲ့ သဘောတူညီမယ်ဆိုရင်လည်း ရွန်နီက လက်ခံဖို့ အသင့်ရှိနေကြောင်းလည်း ဆိုပါတယ်။ 

ဒါဘီကတော့ ဘဏ္ဍာရေးပြသနာတွေကြောင့် ရုန်းကန်နေရတဲ့အသင်းဖြစ်ကာ နယူးကာဆယ်အသင်းပိုင်ရှင်ဟောင်း မိုက်အက်ရှ်လေက ပြန်လည်ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ တကယ်လို့သာ နယူးကာဆယ်နည်းပြဖြစ်လာပါက ဒါဘီမှာ ဂိုးနည်းပြအဖြစ်တာဝန်ယူနေတဲ့ နယူးကာကယ်နာမည်ကျော်ဂိုးသမားဟောင်း ရှေးဂစ်ဗင်ကိုပါ သူနဲ့အတူ ခေါ်ဆောင်လာဖို့ ရွန်နီက ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။ 

အသင်းပိုင်ရှင်သစ်အပြောင်းအလဲဖြစ်ခဲ့ပြီးနောက် ပထမဆုံးကစားခဲ့တဲ့ပွဲမှာ နယူးကာဆယ်က စပါးကို ၂-၃ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ စတိဗ်ဘရုစ်ဟာ အဆိုပါပွဲစဉ်မတိုင်ခင်ကတည်းက ထုတ်ပယ်ခံရမယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့် သူ့ရဲ့နည်းပြဘဝ ပွဲပေါင်း ၁၀၀၀ ပြည့်တဲ့ပွဲကို ကိုင်တွယ်ခွင့်ရရှိခဲ့ကာ အရေးနိမ့်ခဲ့လို့ သူ့ရဲ့အနာဂတ်က ပိုမိုလှုပ်ခတ်မှုတွေရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က