လိဂ်ပုံရိပ်ထိခိုက်မယ့်အပေါ် စိုးရိမ်နေကြပါတယ်။

ကျန်အသင်း ၁၉ သင်းက ပရီးမီးယားလိဂ်အဖွဲ့ချုပ်နဲ့  တွေ့ဆုံဆွေးနွေးချင်နေတယ်လို့သိရပြိး နယူးကာဆယ်ကို ဝယ်ယူခဲ့မှုအပေါ်မှာ ဘာကြောင့် သဘောတူညီချက်ပေးခဲ့ရလဲဆိုတာကို မေးခွန်းထုတ်သွားဖို့ရှိနေကြောင်းလည်း သိရပါတယ်။


နယူးကာဆယ်ယူနိုက်တက်အသင်းကို ဆော်ဒီအင်အားစုက ဝယ်ယူပြီး ၂၄ နာရီအတွင်းမှာပဲ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးတွေဟာ ပြင်းပြင်းထန်ထန်ကန့်ကွက်မှုတွေပြုလုပ်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ စပါးအသင်းဥက္ကဌဒန်နီရယ်လီဗိုင်းက ဦးဆောင်ကာ ဒီအရောင်းအဝယ်ကို ပျက်ပြားအောင် ကြိုးစားနေတယ်လို့သိရပြီး အခြားသော အသင်းအားလုံးကလည်း ဒီလက်လွှဲပြောင်းဝယ်ယူမှုအပေါ်မှာ စိတ်တိုင်းမကျဖြစ်နေကြတယ်လို့ ဆိုပါတယ်။ 



ပေါင် ၃၀၅ သန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကာ စပါး၊ လီဗာပူးလ်၊ ယူနိုက်တက်၊ အာဆင်နယ်တို့က တော်တော်လေးဆန့်ကျင်နေပြီး ဆော်ဒီလုပ်ငန်းစုကို ပရီးမီးယားလိဂ်ဆီမရောက်လာစေဖို့ လှုံ့ဆော်မှုမှာ စပါးက အဓိကနေရာကနေ ပါဝင်နေပါတယ်။ ကျန်အသင်း ၁၉ သင်းက ပရီးမီးယားလိဂ်အဖွဲ့ချုပ်နဲ့  တွေ့ဆုံဆွေးနွေးချင်နေတယ်လို့သိရပြိး နယူးကာဆယ်ကို ဝယ်ယူခဲ့မှုအပေါ်မှာ ဘာကြောင့် သဘောတူညီချက်ပေးခဲ့ရလဲဆိုတာကို မေးခွန်းထုတ်သွားဖို့ရှိနေကြောင်းလည်း သိရပါတယ်။ 

နယူးကာဆယ်အသင်းပိုင်ရှင်သစ်ကတော့ အသင်းကို ပုံစံပြောင်းလဲမှုတွေပြုလုပ်ကာ ဥရောပအဆင့်မှာပါ အောင်မြင်မှုရဖို့အထိ ရည်မှန်းထားတယ်လို့ မနေ့ကပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသင်းဒါရိုက်တာသစ် အမ်မန်ဒါစတာဗီလေက ပြောဆိုခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်လာအောင် ကြိုးစားသွားမယ့်အကြောင်းနဲ့ ဥရောပမှာပါ ခေါင်းထောင်လာနိုင်အောင် ပြုလုပ်သွားဖို့ ရေရှည်စီမံကိန်းတွေနဲ့ ဆောင်ရွက်သွားမယ်လို့ လူသိရှင်ကြားပြောဆိုခဲ့ပါတယ်။ 

လီဗာပူးလ်ကင်းထောက်ချုပ်ဟောင်းနဲ့ အကယ်ဒမီနည်းပြ ဖရန့်မက်ခ်ပါလန်းကို ဘောလုံးအကြံပေးအဖြစ် နယူးကာဆယ်က ခေါ်ယူလိုက်ပြီး ပါလန်းဟာ ဘရန်ဒါရော်ဂျာ၊ စတီဗင်ဂျရတ်တို့နဲ့ အနီးကပ်ဆက်သွယ်မှုတွေရှိသူလို့ သိရပါတယ်။ အဆိုပါလူနှစ်ဦးဟာ နယူးကာဆယ်နည်းပြသစ်အဖြစ်နဲ့ စတိဗ်ဘရုစ်နေရာကို အစားဝင်နိုင်တယ်လို့ ရေပန်းစားနေပြီး လက်ရှိမှာ လက်ထောက်နည်းပြဂျရမီဂျုံးစ်က စပါးနဲ့ပွဲမှာ ယာယီနည်းပြအဖြစ် တာဝန်ယူဖွယ်ရှိတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ 


ဆော်ဒီမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ခိုးယူပြသမှုတွေကြောင့် တရားဝင်မိတ်ဖက်အဖြစ်ရှိနေတဲ့ beIN SPORT ကလည်း ဆော်ဒီမင်းသားဘင်ဆယ်လ်မန်ရဲ့ ဝယ်ယူမှုကို ကန့်ကွက်ဖို့အတွက် ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဘက်က ခွင့်ပြုချက်ပေးခဲ့ပြီးနောက် မေးခွန်းထုတ်မှုတွေအများအပြားရှိလာခဲ့ပြီး ကျန်အသင်း ၁၉ သင်းကပါ PIF ရဲ့ ရင်းနှီးမြုပ်နှံမှုက လိဂ်ပုံရိပ်ကို ထိခိုက်မယ့်အပေါ် စိုးရိမ်နေပြီး အရေးပေါ်အစည်းအဝေးတောင်းဆိုခဲ့တာဖြစ်ပါတယ်။ 

Share

က္က