နယူးကာဆယ်ကို ရော်နယ်ဒို ရောက်လာမလားဆိုတာ အားလုံးက သိချင်နေကြပါပြီ။

နယူးကာဆယ်ယူနိုက်တက်ကို ပိုင်ဆိုင်တဲ့ ဆော်ဒီလုပ်ငန်းစုကြီး PIF ဟာ ဆော်ဒီပရိုလိဂ်က အသင်းလေးသင်းကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ သူတို့ ထိန်းချုပ်နိုင်ခဲ့တဲ့ အသင်းတွေထဲမှာ ရော်နယ်ဒို ကစားနေတဲ့ အယ်လ်နာဆာအသင်းပါဝင်နေသလို ဘန်ဇီမာပြောင်းရွှ့မယ်လို့ သတင်းထွက်နေတဲ့ အယ်လ်အီတီဟတ်အသင်းလည်း ပါဝင်နေပါတယ်။ 

ဆော်ဒီရဲ့ အားကစားကလပ်တွေ ရင်းနှီးမြုပ်နှံမှုနဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးစီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ် PIF က အာရှချန်ပီယံ အယ်လ်ဟီလယ်၊ အယ်လ်အာလီ၊ အယ်လ်နာဆာနဲ့ အယ်လ်အီတီဟတ်တို့မှာ ၇၅% အထိ ရှယ်ယာရယူထားပြီး ကျန် ၂၅% ကတော့ ဆော်ဒီအားကစားဝန်ကြီးဌာနလက်အောက်က အကျိုးအမြတ်မယူတဲ့ ဖောင်ဒေးရှင်းတွေဆီ ပြောင်းရွှေ့ထားတာ ဖြစ်ပါတယ်။ 

အရင်ကတော့ ဆော်ဒီကလပ်အားလုံးကို အားကစားဝန်ကြီးဌာနက ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် ထိန်းချုပ်ထားမှုလုံး၀မရှိခဲ့ဘဲ ပံ့ပိုးပေးမှုတွေကိုသာ လိုအပ်သလို လုပ်ပေးနေခဲ့တာ ဖြစ်ပါတယ်။ PIF ဟာ နယူးကာဆယ်ကို ၂၀၂၁ အောက်တိုဘာလအတွင်းမှာ ပိုင်ဆိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိတဲ့အထိ အသင်းက အောင်မြင်ခဲ့ပါတယ်။ 

ချန်ပီယံလိဂ်ဝင်ခွင့်ရထားလို့ နယူးကာဆယ်က ကစားသမားကောင်းတွေ ခေါ်ယူဖို့ လိုအပ်နေတာပါ။ အခုအခါမှာ သူတို့အသင်းပိုင်ရှင်က အယ်လ်နာဆာကိုလည်း ထိန်းချုပ်နိိုင်ပြီဖြစ်လို့ ရော်နယ်ဒိုကို နယူးကာဆယ်အတွက် ကစားစေမှာလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာခဲ့ကာ ပရိသတ်တော်တော်များများကလည်း စိတ်ဝင်စားနေပြီဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က