လောင်းကစားမှုတွေ ထပ်မံပေါ်ပေါက်ခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီကမှ အေစီမီလန်ကနေ နယူးကာဆယ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ တိုနာလီကတော့ နောက်ထပ် လောင်းကစားမှုတွေ ထပ်မံပေါ်ပေါက်ခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ် ထပ်တိုးသွားခဲ့တာပါ။ သူက အသင်းသစ် နယူးကာဆယ်ရဲ့ပွဲတွေကိုပါ လောင်းကြေးထပ်ခဲ့တာပါ။



အီတလီစီးရီးအေမှာရှိတုန်းကလည်း ဒီကစားသမားက လောင်းကစားလုပ်ခဲ့တာကြောင့် သူ့ကို (၁၀) လ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက နယူးကာဆယ်မှာ သူလုပ်ခဲ့တဲ့ လောင်းကစားမှုတွေ မပေါ်ပေါက်သေးဘဲ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဘက်က ထပ်မံစစ်ဆေးချိန်မှာတော့ ဒီအမှုတွေ ထပ်မံပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

တိုနာလီဟာ နယူးကာဆယ်တို့ ဘရန့်ဖို့ဒ်ကို ၁-၀ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ နယူးကာဆယ်အနိုင်၊ နယူးကာဆယ်က မန်စီးတီးကို ကာရာဘောင်ဖလားမှာ ၁-၀ ဂိုးနဲ့နိုင်တဲ့ပွဲမှာလည်း နယူးကာဆယ်အနိုင်၊ ဝက်စ်ဟမ်းနဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာလည်း နယူးကာဆယ် အနိုင်တို့ကို လောင်းကြေးထပ်ခဲ့တာပါ။

ဘရန့်ဖို့ဒ်ကို နိုင်ပြီး ဝက်စ်ဟမ်းကို သရေကျခဲ့တဲ့ပွဲတွေကတော့ တိုနာလီတစ်ယောက် မောင်းတွဲခဲ့တာဖြစ်ပြီး မန်စီးတီးကိုနိုင်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲကတော့ တစ်ပွဲတည်း သီးသန့် လောင်းကြေးထပ်ဆော့ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ နယူးကာဆယ်က ဘရိုက်တန်ကို အနိုင်၊ နယူးကာဆယ်က ဘန်လေကို အနိုင် လောင်းကြေးထပ်ခဲ့တာပါ။

ဒီပွဲတွေမှာတော့ နယူးကာဆယ်တို့ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပေမယ့် ဘန်လေကိုတော့ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲကလွဲလို့ ကျန်ပွဲတွေမှာတော့ တိုနာလီက ပါဝင်ကစားခဲ့ပါတယ်။ တိုနာလီက ဒီပြစ်မှုကြောင့် နောက်ထပ် ပေါင် (၂) သောင်းနဲ့ (၂) လထပ်တိုးပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပြီး အက်ဖ်အေရဲ့ ပြင်းပြင်းထန်ထန် သတိပေးခြင်းကိုလည်း ခံခဲ့ရပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က