နယူးကာဆယ်အသင်းကို ၂၀၁၅ ခုနှစ်တုန်းက နည်းပြရာထူးအတွက် အင်တာဗျူး လာဖြေဖူးပေမယ့် အလုပ်မရခဲ့ပဲ မက္ကလာရင်ကသာ အလုပ်ရခဲ့တာဖြစ်တာကြောင့် ယခုအခါမှာလည်း နည်းပြစာရင်းမှာ ထပ်မံ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ဇွန်လ အကုန်မှာ အသင်းနဲ့ စာချုပ်ပြည့်ပြီးနောက် လမ်းခွဲတော့မယ်လို့ သတင်းထွက်ပေါ်ထားတဲ့ နည်းပြ ဘင်နီတက်ဇ်နေရာမှာ အစားထိုး လာနိုင်မယ့်သူ စာရင်းမှာတော့ အာဆင်နယ် ဂန္တဝင်ကစားသမား တစ်ဦး ဖြစ်တဲ့ ပက်ထရစ် ဗီအဲရာ ပါဝင်လာတယ်လို့ BBC SPORTက ဖော်ပြလာပါတယ်။
၄၃ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဗီအဲရာအနေနဲ့ ပြင်သစ်ကလပ် နိုက်စ်အသင်းမှာ ပထမဆုံး တာဝန်ယူမှုအဖြစ် တာဝန်ယူဆောင်ရွက်နေသူပါ။
လက်ရှိမှာ ပြင်သစ်ကလပ်မှာ အဆင်ပြေနေတယ်လို့ သိရပေမယ့် နယူးကာဆယ်အသင်းကတော့ စာရင်းထဲ ထည့်သွင်းထားတယ်လို့ သိရတာပါ။
ပြင်သစ်လက်ရွေးစင်ဟောင်းလည်းဖြစ် အာဆင်နယ် ကစားသမားဟောင်းလည်းဖြစ်တဲ့ ဗီအဲရာကတော့ လက်ရှိ ကိုင်တွယ်နေတဲ့ နိုက်စ်အသင်းကို မနှစ်က ရာသီမှာ အဆင့် ၇မှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါ တယ်။
ဗီအဲရာအနေနဲ့ အခုလို သတင်းထွက်ပေါ်လာတာကတော့ ၂၀၁၅ ခုနှစ်တုန်းက နယူးကာဆယ်အသင်းရဲ့ နည်းပြ ရာထူးအတွက်အင်တာဗျူး ခေါ်ခြင်း ခံခဲ့ရဖူးသူ ဖြစ်တာကြောင့်လို့လည်းသိရပါတယ်။
အဲ့တုန်းကတော့ အလုပ်မရခဲ့ပဲ စတိဗ် မက္ကလာရင်ကို တာဝန်ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗီအဲရာ အနေနဲ့ မန်စီးတီးအသင်းရဲ့ လူငယ်စီမံကိန်းမှာ တာဝန်ယူခဲ့ပြီး ၃ နှစ်အကြာမှာတော့ နိုက်စ်အသင်းကို တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။