ဆော်ဒီအုပ်စုအတွက် စိုးရိမ်စရာဖြစ်လာခဲ့ပါပြီ။

ငှက်ကျားတွေလို့ နာမည်ပြောင်ရထားတဲ့ နယူးကာဆယ်ကို ဒုတိယမြောက်အဖွဲ့အစည်းတစ်ခုက ဝယ်ယူဖို့ ကြိုးစားလာခဲ့တာလည်းဖြစ်ပါတယ်။


အမေရိကန်မီဒီယာသူဌေးတစ်ဦးဖြစ်တဲ့ ဟင်နရီမော်ရစ်ဟာ ပရီးမီးယားလိဂ်ကလပ်နယူးကာဆယ်ယူနိုက်တက်အသင်းကို ဝယ်ယူဖို့ ပေါင်သန်း ၃၅၀ နဲ့ ကမ်းလှမ်းလိုက်ပြီလို့ သိရပါတယ်။ ဒါဟာ ငှက်ကျားတွေလို့ နာမည်ပြောင်ရထားတဲ့ နယူးကာဆယ်ကို ဒုတိယမြောက်အဖွဲ့အစည်းတစ်ခုက ဝယ်ယူဖို့ ကြိုးစားလာခဲ့တာလည်းဖြစ်ပါတယ်။

ဆော်ဒီမင်းသားဘင်ဆယ်လ်မန်ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းဟာ နယူးကာဆယ်ကို ဝယ်ယူဖို့ အရင်ဦးဆုံးကြိုးစားနေခဲ့ပြီးတော့ လက်ရှိအချိန်ထိ ညှိနှိုှုင်းမှုတွေပြုလုပ်နေရဆဲဖြစ်ပါတယ်။ နယူးကာဆယ်အသင်းပိုင်ရှင်မိုက်အက်ရှ်လေနဲ့ ဆော်ဒီအဖွဲ့အစည်းကြားမှာ ညှိနှိုင်းမှုတွေပြေလည်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ သဘောတူညီမှုရရှိကြောင်း တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ 

ဟင်နရီမော်ရစ်ကတော့ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်ကာ Clear TV ရဲ့ စီအီးအိုတစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီးတော့ လော့အိန်ဂျလိဂ်စ်မှာ အခြေစိုက်ထားတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ ဆော်ဒီအုပ်စုတို့ကြားမှာ နှောင့်နှေးမှုတွေ ရှိနေခဲ့လာပြီးနောက် မော်ရစ်က ကြားဖြတ်ကမ်းလှမ်းမှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ 

နယူးကာဆယ်နဲ့ ဆော်ဒီအုပ်စုတို့ကြား အရောင်းအဝယ်ပြီးပြတ်ဖို့ကလည်း အခြားသောပရီးမီးယားလိဂ်ကလပ်အသင်းပိုင်ရှင်တွေနဲ့ အဖွဲ့ချုပ်တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်လည်း လိုအပ်နေတာဖြစ်ပါတယ်။ ဒီအရောင်းအဝယ်ကို နာမည်ကျော်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ beIN Sport က ကန့်ကွက်ထားပြီး ဆော်ဒီရုပ်သံလိုင်းတွေအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ခိုးယူပြသနေတယ်လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။ 

မော်ရစ်ရဲ့ ကမ်းလှမ်းမှုဟာ ဆော်ဒီအုပ်စုဘက်က ကမ်းလှမ်းမှုထက် ပေါင်သန်း ၅၀ အထိ များပြားနေတာလည်းဖြစ်ပါတယ်။ ဒါဟာ မိုက်အက်ရှ်လေအတွက်တော့ စိတ်ဝင်စားစရာကောင်းလာခဲ့ပြီး သူ့အနေနဲ့ ဘယ်သူ့ကို ရောင်းချရမလဲဆိုတာကို ထပ်မံစဉ်းစားလို့ရမှာဖြစ်ကာ ဘယ်အဖွဲ့အစည်းလက်ထဲကို ကျရောက်သွားမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလာခဲ့ပါပြီ။ 

Share

Loading Next Article...
က္က