သောကြာနေ့က ဗလီနှစ်ခုမှာ ဝတ်ပြုနေတဲ့ လူပေါင်း ၅၀ ကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်သမားဟာ အကြမ်းဖက်မှု ကျူးလွန်နေစဉ်အတွင်း နာမည်ကျော် Streamer ကို subscribe လုပ်ဖို့အော်ပြောခဲ့ပါတယ်။
အနည်းဆုံး လူပေါင်း ၅၀ ဦး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒီအကြမ်းဖက်မှုကို လုပ်ဆောင်ခဲ့တဲ့ သူဟာ အကြမ်းဖက်လုပ်ဆောင်နေစဉ် ခေါင်းမှာ video camera တပ်ပြီး Gameplay တစ်ခု လုပ်သလို ဝင်ပြီး သတ်ဖြတ်သွားတာ ဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့တဲ့ သူ့ရဲ့ လူသတ်အကြမ်းဖက်နေတဲ့ ဗွီဒီယိုထဲမှာ PewDiePie ကို subscribe လုပ်ဖို့ အော်ဟစ်ပြောသွားခဲ့တာလည်း ဖြစ်ပါတယ်။
Photo: The Wall Street Journal
နယူးဇီလန် Christchurch မှာ ဖြစ်ပွားခဲ့တဲ့ ဒီအကြမ်းဖက်သတ်ဖြတ်မှုမှာ သေနတ်သမား ပြောသွားတဲ့ PewDiePe ဟာ နာမည်ကြီး YouTuber တစ်ဦးဖြစ်ပြီး သူ့ရဲ့ နာမည်ရင်းကတော့ ဖီးလစ်ကီဂျယ်ဘာ့ဂ်လို့ခေါ်ပါတယ်။ ဆွီဒင်လူမျိုး ဂိမ်မာတစ်ဦးလည်း ဖြစ်တဲ့ PewDiePie ဟာ လူသတ်သမားမှ သူ့နာမည်ခေါ်သွားတဲ့ အပေါ် အတော်လေး စိတ်ပျက်ရွံရှာမိတယ်လို့သူ့ရဲ့ Twitter မှာ ရေးသားထားပါတယ်။
PewDiePie အနေနဲ့ဒီဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်ကို ကြုံခဲ့ရသူများနဲ့ကျန်ရစ်သူ မိသားစုဝင်များကို စာနာသနားမိကြောင်း ရေးထားပေမယ့် သူကို လူမျိုးရေးခွဲခြားသူ ၊ ဆီးမိုက်လို့ခေါ်တဲ့ ဟီဘရူနဲ့အာရေဗျစကားပြောတဲ့ လူမျိုးတွေကို ဆန့်ကျင်သူ အမျိုးသားရေးဝါဒီအဖြစ် သတင်းများ ထွက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ သူဟာ game ကစားရင်း စောက်ကျိုးနဲ နစ်ဂါတွေဆိုပြီး ပြောခဲ့တာတွေ ၊ ဆီးမိုက်ဆန့်ကျင်ရေးသဘောတွေ ပါဝင်တဲ့ video တွေလည်း ရိုက်ကူးခဲ့တယ်လို့Fortune သတင်းက ဖော်ပြထားပါတယ်။
Christchurch မှာ အကြမ်းဖက်သတ်ဖြတ်သွားသူ သြစတြေးလျနိုင်ငံသား ဘရန်တန်တာရန့်ဟာ လက်ယာစွန်းရောက် လူမျိုးကြီးဝါဒီစွဲတစ်ဦးဖြစ်ပြီး အကြမ်းဖက်မှု ကျူးလွန်နေစဉ်အတွင်း သူ့ရဲ့ ဝါဒအကြောင်း live stream လွှင့်ပြီး ပြောသွားတာပါ။ Shooting ဂိမ်းဆန်ဆန် လုပ်ဆောင်သွားတဲ့ ဒီသတ်ဖြတ်မှုကျူးလွန်သူကို ပြစ်မှုကျူးလွန်တဲ့နေ့မှာ ဖမ်းဆီးရမိပြီး ရုံးထုတ်စစ်ဆေးနေပြီလို့ဆိုပါတယ်။
PewDiePie ဟာ ပြီးခဲ့တဲ့နှစ်က YouTuber လုပ်ရင်း ဒေါ်လာ ၁၅.၅ သန်းရခဲ့ပြီး ၂၀၁၈ ရဲ့ နဝမမြောက် ဝင်ငွေအကောင်းဆုံး YouTuber ဖြစ်လာခဲ့ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ အဆိုအရ PewDiePie ဟာ video စပွန်ဆာတစ်ခုကို ဒေါ်လာ ၄၅၀၀၀၀ အထိ ရတယ်လို့လည်း ဆိုပါတယ်။