ရေထဲပြုတ်ကျပြီး ၂ နာရီအကြာမှာ ပြန်တွေ့ခဲ့တာပါ။

မုံရွာမြို့ရဲ့ အပန်းဖြေနေရာဖြစ်တဲ့ ထန်းဇလုပ်ချောင်းမှာ  စက်တင်ဘာလ ၄ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်က ကျောက်စောင်းတွင် ဖုန်းနဲ့ ဆယ်လ်ဖီ ရိုက်နေခဲ့သည့် အသက်(၁၈)ရွယ် အမျိုးသားတစ်ဦး ရေထဲပြုတ်ကျသေဆုံးခဲ့တယ်လို့ မုံရွာရဲတပ်ဖွဲ့ကသိရပါတယ်။

 

1378226_640465049318644_1143503972_n.jpg

Photo - Minn Naing Yar

 

ရေထဲ ပြုတ်ကျသေဆုံးသူကို ရဲတပ်ဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်တပ်ဖွဲ့ဝင်တွေက ကူညီရှာဖွေပေးခဲ့ပြီးစက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းမှာ ပဲ အလောင်းကိုရေထဲက ပြန်လည်တွေ့ရှိခဲ့ပါတယ်။

"ရေထဲ ပြုတ်ကျတာကိုတွေ့တဲ့သူက တွေ့လိုက်တော့ လိုက်ရှာပါတာ်။ ၂ နာရီလောက်ကြာတော့ အလောင်းကိုပြန်ရပါတယ်။ လောလောဆယ် မုံရွာဆေးရုံကြီးကို ပို့ပြီး စစ်ဆေးနေပါတယ်။"လို့ မုံရွာ ရဲစခန်းက တာဝန်ရှိသူက Duwun ကို စက်တင်ဘာ ၅ ရက်နေ့ကပြောပါတယ်။

သေဆုံးသူဟာ မုံရွာမြို့နယ် ကျောက်စစ်ပုံကွန်ကရစ်တိုင်စက်ရုံမှာ အလုပ်လုပ်နေသူ တစ်ဦးဖြစ်ပါတယ်။ သေဆုံးသူနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းက သေမှုသေခင်းနဲ့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က