ဆိုင်အဝင်အထွက်ရှိခဲ့တဲ့ Food Panda ကအစားအသောက်ပို့ဆောင်တဲ့ဝန်ထမ်း ၇၀ခန့်ကိုHome Quarantine လုပ်ထားပါတယ်။

လှိုင်မြို့နယ် ပါရမီလမ်းပေါ် O Sushi ဆိုင်က အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရတဲ့ ဝန်ထမ်း (၇) ဦးလုံးမှာ ရောဂါပိုး စစ်ဆေးချက် Negative အဖြေထွက်တယ်လို့ လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက Duwun ကိုပြောပါတယ်။

ဧပြီလ ၂၆ ရက်နေ့က ဆူရှီဆိုင်ပိုင်ရှင် လူနာနံပါတ် ၁၄၆ မှာ ရောဂါပိုးကူးစက်ခံခဲ့ရကြောင်း သိပြီးပြီးချင်းမှာပဲ ဆူရှီဆိုင်ကို Lock Down လုပ်ထားသလို ဆိုင်ဝန်ထမ်းအားလုံးကိုလည်း မင်္ဂလာဒုံရှိ Quarantine စင်တာကို ပို့ဆောင်ထားတာဖြစ်တယ်လို့ ဦးအောင်ကျော်ကျော်ဦးက ဆိုပါတယ်။

Photo- O sushi ဆိုင်ကို Lock Down လုပ်ထားသည်ကို မြင်တွေ့ရစဉ်။

“ ဝန်ထမ်းအားလုံးကို ကွာရန်တင်းစင်တာကိုပို့ဆောင်ထားပြီး ဆေးစစ်တဲ့အခါမှာ မနေ့က ပထမအကြိမ် ဆေးစစ်ချက်အဖြေအရ အားလုံး Negative အဖြေထွက်ပါတယ်။ ဒုတိယအကြိမ် ထပ်စစ်ဦးမယ်လို့ ပြောပါတယ်။” လို့ ဦးအောင်ကျော်ကျော်ဦးက Duwun ကိုပြောပါတယ်။

ဆူရှီဆိုင်ကတော့ သင်္ကြန်ကာလမတိုင်ခင်ကတည်းက ပါဆယ်ပဲရောင်းချတာကြောင့် လာစားတဲ့ ဧည့်သည်တွေနဲ့ အထိအတွေ့မရှိခဲ့ပေမယ့် အစားအသောက်ပို့ဆောင်တဲ့ ဝန်ထမ်းတွေကတော့ အဝင်အထွက်ရှိခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် ဆူရှီဆိုင်ကို အဝင်အထွက်ရှိခဲ့တဲ့ Food Panda က အစားအသောက်ပို့ဆောင်တဲ့ဝန်ထမ်း အယောက် ၇၀ လောက်ကိုတော့ နေအိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့ Food Panda ရဲ့ တာဝန်ရှိသူဆီကနေ သိရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအော်ကျော်ကျော်ဦးက ပြောပြပါတယ်။

ဆူရှီဆိုင်ပိုင်ရှင် လူနာနံပါတ် ၁၄၆ ဟာ သူရဲ့ဇနီးသည် Pan Pacific ဝန်ထမ်းဖြစ်သူ လူနာနံပါတ် ၁၃၉ ဆီကတစ်ဆင့် ကူးစက်ခံထားရတာဖြစ်ပြီး သူတို့ ဇနီးမောင်နှံနှစ်ဦးစလုံးဟာ အသွားအလာကန့်သတ်စောင့်ကြည့်ထားစဉ်အတွင်းမှာ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က