အွန်လိုင်းပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့တဲ့ ESL One LA Dota 2 Major ရဲ့ ဥရောပဒေသပြိုင်ပွဲမှာတော့ CIS အခြေစိုက် Virtus.Pro က အရံကစားသမားနှစ်ဦးနဲ့ OG အသင်းကို အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။

     အွန်လိုင်းပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့တဲ့ ESL One LA Dota 2 Major ရဲ့ ဥရောပဒေသပြိုင်ပွဲမှာတော့ CIS အခြေစိုက် Virtus.Pro က အရံကစားသမားနှစ်ဦးနဲ့ OG အသင်းကို အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။

         လက်ရှိ Ti နှစ်နှစ်ဆက်ချန်ပီယံဖြစ်တဲ့ OG အသင်းဟာ Topson နဲ့ Midone တို့ လာရောက်ပူးပေါင်းဖို့ ပျက်ကွက်ခဲ့တဲ့နောက် Alliance မှထုတ်ပယ်ခံရတဲ့ 33 နဲ့ နည်းပြဘဝကိုပြန်သွားတဲ့ Ceb တို့ကို အရံဝင်ကစားစေခဲ့ပေမယ့် ဂရင်းဖိုင်နယ်ပွဲကို တက်ရောက်ဖို့တော့ မပျက်ကွက်ခဲ့ပါဘူး။ OG ရဲ့ ဒီပွဲကိုဆော့ကစားခဲ့တဲ့လူစာရင်းက 33, Sumail, Ceb, Saksa, Notail တို့ဖြစ်ပါတယ်။




         နောက်ဆုံးဖိုင်နယ်ပွဲမှာ VP က 3 – 2 ရလဒ်နဲ့ ပွတ်ကာသီကာအနိုင်ရခဲ့ပေမယ့် ဒီမေဂျာပြိုင်ပွဲမှာ VP ဟာ OG ကို အုပ်စုအဆင့်၊ Upper Bracket Final နဲ့ ဂရင်းဖိုင်နယ် သုံးကြိမ်တွေ့ဆုံရာမှာ သုံးကြိမ်လုံး အနိုင်ရခဲ့တာဖြစ်ပါတယ်။ VP ရဲ့ လက်ရှိလူစာရင်းက iLTW, No[o]ne, Resolution, Zayac, Solo တို့ဖြစ်ပါတယ်။


         ဖိုင်နယ်ပွဲစဉ်ရဲ့ ပထမဆုံးပွဲမှာ Resolution ရဲ့ Axe နဲ့ No[o]ne ရဲ့ Death Prophet ဟီးရိုးတွေဟာ OG ကို ကောင်းကောင်းဒုက္ခပေးခဲ့ပြီး Solo ရဲ့ Oracle ကလည်း စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ Axe နဲ့ Zayac ရဲ့ Phoenix တို့ အတွဲကလည်း OG ကို ဒုက္ခပေးခဲ့ပေမယ့် Highground တက်ရာမှာတော့ OG က အနည်းငယ်တောင့်ခံခဲ့ပါသေးတယ်။

         ပထမပွဲကို ရှုံးနိမ့်ပြီးတဲ့နောက်မှာတော့ OG ဟာ ဒုတိယပွဲမှာ ထူးခြားတဲ့ Hero Pick ကို ရွေးချယ်ခဲ့ပြီး Ember Spirit, Darkseer, Legion Commander, Grimstroke, Shadow Demon တို့နဲ့ အမြန်ဆော့ကစားခဲ့ရာမှာ VP ဘက်က ဆက်တိုက်အရေးနိမ့်ခဲ့ပါတယ်။ နောက်ဆုံး Zayac ရဲ့ Enigma က BKB ဝယ်နိုင်ခဲ့ပြီး အပြောင်းအလဲဖြစ်နိုင်ဖို့ Battle ဆိုင်ခဲ့ရာမှာ OG တစ်သင်းလုံးရဲ့ ပါးနပ်မှုကို မယှဉ်နိုင်ဘဲ အားလုံးပြန်ကျသွားခဲ့တဲ့နောက် GG ခေါ်ခဲ့ရပြီး ၁ - ၁ ရလဒ် ဖြစ်သွားခဲ့ပါတယ်။


         တတိယပွဲမှာ VP ဘက်က Ancient Apparition နဲ့ Void Combo ကို ချပြီး Zayac လည်း လက်စွမ်းအပြနိုင်ဆုံး ဟီးရိုးတစ်ကောင်ဖြစ်တဲ့ Phoenix ကို ရခဲ့ပေမယ့် Ulti တွေပေါ်မှီခိုနေတဲ့ သူတို့ရဲ့ ကစားဟန်ကို OG က သွက်သွက်လက်လက်နဲ့ Mid-game ကာလမှာ ခြေမှုန်းခဲ့ပါတယ်။ VP ဘက်က OG လိုချင်တဲ့ Objective ကို သိပြီး Early မှာ ကာကွယ်ခဲ့သေးပေမယ့် OG ရဲ့အားအသာဆုံးအချိန်မှာတော့ တောင့်မခံနိုင်ခဲ့ဘဲ ၂၆ မိနစ်နဲ့ ရှုံးနိမ့်သွားခဲ့ပြန်ပါတယ်။

         စတုတ္ထပွဲမှာ OG ဘက်က အစောပိုင်းအားသာပေမယ့် 33 နဲ့ Ceb တို့ရဲ့ နားလည်မှုလွဲချော်မှုကနေ Battle တစ်ခု ကျသွားရာက စပြီး VP ဘက်က ဆက်တိုက်လိုက်ဆိုင်တဲ့ကစားဟန်ကို မယှဉ်နိုင်ဘဲ တတိတိနဲ့ အောက်ရောက်လာရာကနေ အရှုံးပေးလိုက်ရပါတယ်။ ဒီပွဲမှာတော့ VP ဟာ အရင်နှစ်ပွဲက အမှားကို သင်ခန်းစာယူပြီး Cooldown များတဲ့ Ulti တွေအပေါ် မမှီခိုဘဲ Ember Spirit, Templar Assassin, Batrider, Earth Spirit, Grimstroke တို့လို ဆက်တိုက်ချလို့ရတဲ့ ဟီးရိုးအတွဲကို ထုတ်ခဲ့သလို အားအသာဆုံးအချိန်မှာ အကောင်းဆုံးကစားနိုင်ခဲ့တဲ့အတွက် OG က အရှုံးပေးခဲ့ရတာလည်း ပါပါတယ်။

         ဒီလိုနဲ့ ၂ - ၂ ဖြစ်သွားပြီး Bo5 ပွဲစဉ်ရဲ့ နောက်ဆုံးပွဲမှာတော့ OG က Beastmaster, Ember Spirit, Enigma, Tusk, Silencer တို့ကို Pick ခဲ့ပြီး VP ဘက်က Bristleback, Storm Spirit, Pangolier, Dazzle, Oracle တို့ကို ယူခဲ့ပါတယ်။ OG ဘက်က Enigma, Beastmaster, Silencer တို့ရဲ့ Ulti တွေနဲ့ ဖိဖို့ကြိုးစားတာကို Dazzle + Oracle အတွဲနဲ့ Survive ဖြစ်ဖို့ ကြိုးစားခဲ့တာကအောင်မြင်ခဲ့ပြီး နောက်ပိုင်း Battle တွေမှာ OG အနေနဲ့ အခက်တွေ့ခဲ့ရပါတယ်။ No[o]ne ရဲ့ SS ကလည်း Ceb Enigma Ulti ကို မထင်မှတ်ထားတဲ့ ပုံစံနဲ့ အကြိမ်အနည်းငယ်ဖျက်ပေးခဲ့ပါသေးတယ်။ အစောပိုင်းမှာ အနှိမ်ခံခဲ့ရတဲ့ iLTW ရဲ့ BB ကပါ Item ရသွားတဲ့နောက်မှာတော့ Spike Damage ပေးမယ့်လူမရှိတော့တဲ့ OG အနေနဲ့ ဘာမှမတတ်နိုင်ဘဲ VP က Ancient ချိုးတာကို ထိုင်ကြည့်နေခဲ့ရပါတော့တယ်။

         ဒီပွဲကိုအနိုင်ရရှိခဲ့တဲ့အတွက် VP အသင်းဟာ အမေရိကန်ဒေါ်လာ ၆ သောင်းကို ရရှိခဲ့ပြီး ဒါဟာ မနှစ်က Dota2 မေဂျာပြိုင်ပွဲတွေနဲ့ ယှဉ်ရင်တော့ အတော်လေးနည်းပါးတဲ့ ဆုကြေးပါ။ ဒါ့အပြင် COVID-19 ကြောင့် အွန်လိုင်းအဖြစ် ပြောင်းလဲကျင်းပခဲ့ရတဲ့ ဒီပြိုင်ပွဲဟာ DPC Point ပေးဖို့လည်း ပျက်ကွက်ခဲ့တဲ့အတွက် အခုနှစ် The International (Ti) 2020 ပြိုင်ပွဲကို ဘယ်လိုဝင်ခွင့်ပေးဖို့ ဆုံးဖြတ်မှာလဲ ဆိုတာ အခုချိန်မှာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခုဖြစ်နေပါပြီ။


Written by Kyitha


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က