ဈေးနှုန်း မသိရသေးပါဘူး

flagship ဖုန်းတွေမှာ တွေ့ရတဲ့ IP68 rating ရေစိုခံ ဒီဇိုင်းနဲ့လာတဲ့ Sony Xperia 10 II ဟာ ဈေးကွက်မှာ စိတ်ဝင်စားစရာ mid-ranger ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။


Sony ဟာ ကုမ္ပဏီထုတ် flagship မော်ဒယ် Xperia 1 II နဲ့အတူ Xperia 10 II ကို မိတ်ဆက်လိုက်ပါတယ်။ Sony ထုတ် mid-range ဖုန်းတစ်လုံးအနေနဲ့ ကင်မရာ သုံးလုံးတွဲစနစ်ကို ပထမဆုံး သုံးလာတာကလည်း ထူးခြားပါတယ်။ ဒီဇိုင်းမှာလည်း Sony Xperia 1 II စတိုင် အပေါ်အောက် ဘောင်ပါးပါးနဲ့ သပ်ရပ်တဲ့ frame ဒီဇိုင်း သုံးထားပါတယ်။



Photo: compsmag

Xperia 10 II ဟာ 21:9 Cinemawide ratio သုံးထားတဲ့ ၆ လက်မအရွယ် OLED နဲ့ လာပါတယ်။ Sony mid-ranger ထဲမှာ ပထမဆုံး OLED display သုံးတဲ့ ဖုန်းဆိုလည်း မမှားပါဘူး။ 21:9 display အချိုးဖြစ်လို့ သာမန်ဖုန်းတွေထက် ရှည်လျားလာပြီး အလျားလိုက် landscape အနေအထားနဲ့ ရုပ်ရှင်ကြည့်တာ ၊ ဂိမ်းကစားတာတွေမှာ ပိုပြီး အဆင်ပြေမှာပါ။

fingerprint scanner ကို ဖုန်းဘေးဘောင်မှာ သုံးထားပြီး အရှေ့နဲ့ နောက်မှာ အကြမ်းခံမှု မြင့်မားတဲ့ နောက်ဆုံးပေါ် Gorilla Glass 6 အုပ်ထားပါတယ်။ ဘက်ထရီပါဝါဟာ 3600 mAh ရှိပြီး Quick Charge 3.0 စနစ်နဲ့အတူ ဘက်ထရီသက်တမ်း ပိုခံစေမယ့် Xperia Adaptive Charging စနစ် သုံးထားတယ်လို့ ဆိုပါတယ်။

mid-range ဖုန်းဖြစ်တဲ့အတိုင်း Snapdragon 665 chipset ၊ RAM 4GB/128GB storage နဲ့ လာပြီး 8MP ဆယ်လ်ဖီကင်မရာ ၊ ကျောဘက် 12MP main sensor ၊ 8MP ultrawide နဲ့ 8MP telephoto ကင်မရာ သုံးလုံးတွဲတွေ ပါရှိပါတယ်။ Xperia 10 II ဟာ အနက် နဲ့ အဖြူ ကာလာတွေနဲ့ ထွက်ထားပြီး ဈေးနှုန်းကြေညာခြင်း မရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က