MMA ရွှေခါးပတ်များချန်ပီယံ အောင်လအန်ဆန်တစ်ယောက် One Championship နဲ့ စာချုပ်သက်တမ်းတိုး လိုက်ပါပြီ။ အောင်လအန်ဆန်ဟာ One Championship နဲ့ တစ်နှစ်စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး နောက်ထပ်ပွဲတွေဆက်လက်ထိုးသတ်သွားဖို့ရှိနေပါတယ်။
Photo: Aung La Nsang
One Championship နဲ့ အောင်လအန်ဆန်တို့စာချုပ်သက်တမ်းတိုးလိုက်ပါပြီ။ အောင်လအန်ဆန် နဲ့ One Championship တို့ဟာ တစ်နှစ်သက်တမ်းရှိတဲ့ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး ရွှေခါးပတ်ချန်ပီယံကာကွယ်ပွဲတွေဆက်လက်ထိုးသတ်ဖို့ရှိနေပါတယ်။ One Championship တို့ စာချုပ်လက်မှတ်ထိုးပြီးကြောင်းကို အောင်လကသူ့ရဲ့လူမှုကွန်ယက်ဝက်ဘ်ဆိုက် Facebook စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။
အာရှအင်အားကြီး အီရန်ကို ဂိုးပြတ်နိုင်ပေမယ့် ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ မြန်မာ
Photo: Aung La Nsang
“စာချုပ်လက်မှတ်ထိုးပြီးပါပြီ။ ကျွန်တော့်ရဲ့ခါးပတ်တစ်ခုကာကွယ်ပွဲကို အောက်တိုဘာလထဲမှာယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ကျွန်တော်အရမ်းကြိုးစားနေပါတယ်။ ကျွန်တော့်အတွက်အရမ်းကောင်းတဲ့အခွင့်အလမ်းတွေနဲ့ အံ့သြစရာစွမ်းဆောင်ရည်ကို ပြသဖို့မစောင့်နိုင်တော့ပါဘူး။ အားလုံးရဲ့ချစ်ခင်မှုနဲ့အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်”လို့ အောင်လကသူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။ အောင်လက One Championship နဲ့ လေးနှစ်ကြာလက်တွဲဖြစ်ခဲ့တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူပြီး ဆက်လက်လက်တွဲသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။
Photo: Aung La Nsang
အောင်လအန်ဆန်ဟာ MMA Fighter ဘဝကို ၂၀၀၅ခုနှစ်ကတည်းကစတင်ခဲ့ပြီး ၂၀၁၄မှာ One Championship နဲ့စာချုပ်စတင်ချုပ်ဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာ အောင်လအန်ဆန်ဟာ MMA Light Heavy Weight နဲ့ MMA Middle Weight ချန်ပီယံရွှေခါးပတ်နှစ်ခု ရရှိထားသူပါ။ MMA Fighter ဘဝသက်တမ်းတစ်လျှောက်မှာ အောင်လအန်ဆန်ဟာ ၃၃ပွဲထိုးသတ်ထားပြီး ၂၃ပွဲနိုင်၊ ၁၀ပွဲရှုံးထားပါတယ်။