Affordable Flagship ဖုန်း ဖြစ်လာမှာပါ

အောက်တိုဘာ ၁၃ ရက်နေ့ မိတ်ဆက်မယ်လို့ သတင်းထွက်နေတဲ့ OnePlus 9 RT ရဲ့ ဖြစ်နိုင်ခြေအများဆုံး ဒီဇိုင်းနဲ့ အချက်အလက်တွေအကြောင်း သိရပြီ ဖြစ်ပါတယ်။

           OnePlus lineup ထဲက တန်ဖိုးသင့် Flagship မော်ဒယ်ဖြစ်လာမယ့် OnePlus 9RT ဟာ နှစ်ဆန်းပိုင်းက ထွက်ထားတဲ့ OnePlus 9R ကို အဆင့်မြှင့်ထားတဲ့ ဗားရှင်းဖြစ်လာမှာပါ။ တရုတ်လူမှုကွန်ရက် Weibo ပေါ်မှာ OnePlus 9RT ကို အောက်တိုဘာ ၁၃ ရက် ဒေသစံတော်ချိန် ည ၇ နာရီခွဲမှာ ကြေညာသွားမယ်လို့ ဆိုပါတယ်။ ပေါက်ကြားလာတဲ့ OnePlus 9 RT ရဲ့ press render ပုံဟာ ကျောဘက်ကင်မရာအိမ်ကို အသားပေးထားတာ တွေ့ရပါတယ်။




Photo: GSMArena


           ကျောဘက်ကင်မရာဖွဲ့စည်းချက် ကွဲသွားပေမယ့် ရှေ့ punch-hole ဒီဇိုင်းက OnePlus 9R အတိုင်း ဖြစ်ဖို့ ရှိပါတယ်။ အရင် 9R မော်ဒယ်က ဒီဇိုင်းနဲ့ အချက်အလက်ပိုင်း တချို့ တူပြီး Processor နဲ့ main camera sensor တွေ ကွဲပြားဖို့ ရှိပါတယ်။ OnePlus 9RT မှာ upgrade တစ်ခုက Sony IMX766 50MP sensor ကို ပြောင်းသုံးလာတာ ဖြစ်ဖို့ များပါတယ်။ processor ကိုလည်း Snapdragon 870 SoC ကနေ Snapdragon 888 SoC သုံးလာနိုင်ပါတယ်။

           Snapdragon 888 SoC နဲ့အတူ LPDDR5 12GB RAM နဲ့ UFS 3.1 256GB storage အထိ သုံးဖို့ ရှိပါတယ်။ ကင်မရာအနေနဲ့ 50MP sony IMX 766 sensor နဲ့အတူ 16MP ultrawide ၊ 5MP macro နဲ့ 2MP monochrome ဆိုပြီး လေးလုံးတွဲကင်မရာနဲ့ မိတ်ဆက်လာနိုင်ပါတယ်။ ရှေ့ကင်မရာဟာ 16MP punch-hole ဆယ်လ်ဖီ ဖြစ်ဖို့ များပါတယ်။ OS ကတော့ Android 11OS ကို အခြေခံထားတဲ့ ColorOS 12 သုံးလာမှာပါ။

           လောလောဆယ် ကြားထားတဲ့အချက်တွေအရ OnePlus 9RT ဟာ ၆.၅၅ လက်မ 120Hz screen ၊ 4500mAh ဘက်ထရီနဲ့ 65W charging နဲ့ ထွက်လာဖို့ ရှိပါတယ်။ ဒီအချက်အားလုံးလိုလိုက အရင် OnePlus 9R နဲ့ တစ်ပုံစံတည်းပါပဲ။ ငွေရောင်အပြင် အနက် ၊ အပြာအရောင်တွေနဲ့ ထွက်လာဖို့ ရှိပြီး ခန့်မှန်းဈေး ယွမ် ၂၀၀၀ နဲ့ ၃၀၀၀ အကြား (မြန်မာငွေ ၆ သိန်းကျော်ကနေ ၉ သိန်းအကြား) ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က