တရုတ်ဈေးကွက်မှာ OnePlus Ace Pro နာမည်နဲ့ မိတ်ဆက်ထားတဲ့ Flagship ဖုန်းအတွက် Limited Edition ဖုန်း ထွက်လာပြီ ဖြစ်ပါတယ်။
OnePlus Ace Pro ကို ကမ္ဘာ့ဈေးကွက်မှာ OnePlus 10T နာမည်နဲ့ ဖြန့်ချိထားတာပါ။ တရုတ်ဈေးကွက်ထဲ မိတ်ဆက်ထားတဲ့ OnePlus Ace Pro ကနေ Genshin Impact Limited Edition သစ်အဖြစ် ထွက်လာတာပါ။ OnePlus Ace Pro Genshin Impact Limited Edition ဟာ သီးသန့် Custom ထုတ်ထားတဲ့ အန်နီမေးရှင်း နဲ့ အရောင်တွေအပြင် အရင် အနက်/အစိမ်းဗြောင်အစား ကျောဘက် Panel သစ်နဲ့ ထုတ်ထားပါတယ်။
Photo : GSMArena
ဒီ Edition သစ်ဟာ ပုံမှန်မော်ဒယ်ရဲ့ အမြင့်ဆုံးဗားရှင်းဖြစ်တဲ့ RAM 16GB/512GB Storage နဲ့ လာပြီး Snapdragon 8+ Gen 1 Chipset ၊ 4800mAh ဘက်ထရီနဲ့ 150W Fast Charging အထောက်အပံ့လည်း သုံးထားပါတယ်။ ဖုန်းဗူးထဲမှာတော့ Limited Edition နဲ့ လိုက်ဖက်အောင် အထူးစီစဉ်ပေးထားတာ ရှိပါတယ်။ ဖုန်းဗူးထဲမှာ Genshin Impact Theme နဲ့ လာသလို OPPO စတိုးအတွက် ဘောင်ချာနဲ့ ဈေးဝယ်ပွိုင့်တွေ ၊ စတစ်ကာနဲ့ ပိုစတာတချို့လည်း ထည့်ပေးထားပါတယ်။
Theme ကိုတော့ ColorOS 12.1 နဲ့ လာတဲ့ Customization Options ထည့်ထားပြီး Icons တွေကလည်း မတူတဲ့ဒီဇိုင်းတွေ သုံးထားတာပါ။ Wallpapers သစ်တွေနဲ့ UI ရဲ့ Color Scheme ကလည်း Genshin Impact Theme တစ်ခုလုံးနဲ့ လိုက်ဖက်အောင် ထုတ်ထားတာပါ။ ဒီဖုန်းကို ၄၂၉၉ ယွမ် (မြန်မာငွေ ၁၃ သိန်းဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမှာပါ။ ဒီဈေးက OnePlus Ace Pro (16/512GB) ဗားရှင်းနဲ့ တစ်ဈေးတည်းပဲ ဖြစ်ပါတယ်။