OnePlus 11 Pro အစား OnePlus 11 လို့ပဲ မိတ်ဆက်လာနိုင်ပါတယ်

တရုတ်ဖုန်းကုမ္ပဏီ OnePlus ဟာ အသစ်ထွက်လာမယ့် Flagship စီးရီးမှာ Pro နာမည်ကို ဆက်ပြီး အသုံးပြုဖို့ မရှိဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

စိတ်ချရတဲ့ သတင်းအရင်းအမြစ်နှစ်ခုကို ကိုးကားပြီး GSMArena သတင်းမှာ ဖော်ပြခဲ့တာပါ။ ဒီသတင်းအရဆို OnePlus ရဲ့ အသစ်ထွက်လာမယ့် OnePlus 11 စီးရီးမှာ Pro မော်ဒယ် မြင်ရတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ OnePlus ဟာ ၂၀၁၉ ခုနှစ်ထွက် OnePlus 7 စီးရီးကစပြီး Pro မော်ဒယ်ကို စတင်မိတ်ဆက်ခဲ့တာပါ။ Pro နာမည်ကို ဖြုတ်လာဖွယ် ရှိတဲ့ OnePlus 11 က စလို့ ထုတ်ကုန်တိုင်းကို Flagship specs တွေနဲ့ ထုတ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ 



Photo: GSMArena

OnePlus ဟာ နှစ်တစ်နှစ်ရဲ့ ပထမနှစ်ဝက် ၆ လမှာ Flagship မော်ဒယ်နှစ်မျိုး မိတ်ဆက်လာနိုင်ပြီး ဒုတိယနှစ်ဝက်မှာ T-Series တွေ ကြေညာလာနိုင်ပါတယ်။ OnePlus 11 ကို ၂၀၂၃ ပထမနှစ်ဝက်မှာ ပထမဆုံး Flagship မော်ဒယ်တွေအဖြစ် မိတ်ဆက်လာနိုင်ပြီး ပါဝင်နိုင်ဖွယ်ရှိတဲ့ အဓိက Specs အတော်များများလည်း သိရပြီ ဖြစ်ပါတယ်။ OnePlus 11 ဖြစ်လာမယ့် ထုတ်ကုန်ဟာ မျက်နှာပြင်ဆိုဒ် ၆.၇ လက်မ AMOLED Screen နဲ့ လာပြီး QHD+ Resolution ၊ အပေါ်ဘယ်ထောင့် Punch-Hole ကင်မရာပေါက် နဲ့ 120Hz Refresh Rate တို့ သုံးလာနိုင်ပါတယ်။ 

ကျောဘက်မှာ 50MP Main Sensor ၊ 48MP Ultra-Wide Lens နဲ့ 32MP 2x Telephoto ကင်မရာတို့ ပါဝင်ဖို့ ရှိပါတယ်။ OnePlus 11 ကို Snapdragon 8 Gen 2 Processor နဲ့ မောင်းနှင်ပြီး အမြင့်ဆုံး RAM 16GB/256GB Storage အထိ အသုံးပြုနိုင်ပါတယ်။ ဘက်ထရီပါဝါ 5000mAh အား အသုံးပြုပြီး 100W Fast Charging အထောက်အပံ့ပါရှိဖို့လည်း ရှိပါတယ်။ ၂၀၂၃ ဒုတိယနှစ်ဝက်အတွင်းမှာ Snapdragon 8+ Gen 2 Chipset သုံး T ဗားရှင်း OnePlus 11 စီးရီးကို မိတ်ဆက်လာနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က