နှစ်အကုန်ပိုင်းနဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ မိတ်ဆက်လာဖို့ ရှိပါတယ်။

ခေါက်သိမ်းနိုင် Foldable ဖုန်းလောကထဲ OnePlus လည်း ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောနေကြပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ Foldable လို့ ခေါ်တဲ့ ခေါက်သိမ်းနိုင်စမတ်ဖုန်းတွေ လှိုင်လှိုင်ကြီး မိတ်ဆက်သွားခဲ့ပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့မှာ Samsung ရဲ့ စာအုပ်တစ်အုပ်လို ခေါက်သိမ်းနိုင်မယ့် Galaxy Z Fold 4 နဲ့ ယောက်သွားခွံခေါက်သိမ်းမှုပုံစံသုံး Galaxy Z Flip 4 တို့ကို မိတ်ဆက်ခဲ့သလို နောက်တစ်ရက်ဖြစ်တဲ့ ဩဂုတ်လ ၁၁ ရက်နေ့မှာ Xiaomi နဲ့ Motorola တို့ကလည်း Mix Fold 2 နဲ့ Moto Razr 2022 နာမည်နဲ့ Foldable ဖုန်းသစ်တွေ ကြေညာသွားပါတယ်။ 





Foldable ဖုန်းတွေ သူ့ထက်ငါ မိတ်ဆက်လာချိန်မှာ OnePlus ရဲ့ CEO နဲ့ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ Pete Lau ကလည်း OnePlus အမှတ်တံဆိပ် ခေါက်သိမ်းနိုင်စမတ်ဖုန်းထုတ်လုပ်ဖို့ ခြေလှမ်းပြင်နေတဲ့အကြောင်း Twitter ကနေ ဓါတ်ပုံတစ်ချို့ မျှဝေပြီး သတင်းပေးလိုက်ပါတယ်။ "ဒါကို ဘယ်လို ထင်လဲ" ဆိုပြီး ရေးထားတဲ့ သူ့ Tweet ထဲမှာ Foldable ဖုန်းတစ်လုံးရဲ့ ပတ္တာ Hinge စက်လေးရဲ့ပုံကို လက်နဲ့ကိုင်ပြီး ရိုက်ထားတာလည်း တင်ထားပါတယ်။ 

Lau ရဲ့ Tweet ထဲမှာ ဖုန်းရဲ့ ဒီဇိုင်းနဲ့ တခြား အချက်အလက်တွေအကြောင်း ပြောကြားခြင်း မရှိပေမယ့် OnePlus အမှတ်တံဆိပ် Foldable ဖုန်းမှာ သုံးမယ့် Hinge စနစ်ဖြစ်မယ်လို့ ယူဆရပါတယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း OnePlus Foldable ဖုန်းဆိုတာ OPPO Find N ရဲ့ OxygenOS သုံး Rebranded ဗားရှင်းဖြစ်လာမယ်လို့လည်း ခန့်မှန်းရပါတယ်။ OnePlus ရဲ့ ညီအစ်မကုမ္ပဏီ OPPO ဟာ ပြီးခဲ့တဲ့နှစ်က Flat Display သုံး Find N ဖုန်း မိတ်ဆက်သွားပါတယ်။


တရုတ်ဈေးကွက်ထဲမှာပဲ ဖြန့်ချိခဲ့တဲ့ OPPO Find N အကြောင်းကို နိုင်ငံတကာဈေးကွက်က စိတ်ဝင်စားမှုနည်းခဲ့ပါတယ်။ လက်ရှိ ကြားနေရတဲ့ သတင်းတွေအရဆို OPPO ဟာ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ Foldable ဖုန်းသစ်နှစ်မျိုး နိုင်ငံတကာဈေးကွက်ထဲ ဖြန့်ချိဖို့ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ ခေါက်သိမ်းမှုပုံစံ မတူတဲ့ ဒီ OPPO Foldable ဖုန်းနှစ်မျိုးကို OPPO Find N Fold နဲ့ Find N Flip ဆိုပြီး နာမည်ပေးသွားဖို့ ရှိပါတယ်။ ဒီနာမည်တွေနဲ့ပဲ ဥရောပသမဂ္ဂ ဉာဏမူပိုင်ခွင့်ရုံးမှာ တလောကပဲ မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။ 

OPPO Find N Fold ဟာ Samsung Galaxy Z Fold 4 ပုံစံ ခေါက်သိမ်းမှုသုံးပြီး Find N Flip ဟာ Galaxy Z Flip 4 နဲ့ ပြိုင်ဘက်အဖြစ် ဈေးကွက်ထဲ မိတ်ဆက်တော့မှာပါ။ Galaxy Z Fold 4 နဲ့ Z Flip 4 တို့လိုပဲ OPPO ထုတ်ကုန်သစ်တွေဟာ Qualcomm Snapdragon 8 Plus Gen 1 Chipset နဲ့ လာပြီး နိုင်ငံတကာ ဈေးကွက်မှာ Samsung ရဲ့ ခေါက်သိမ်းနိုင်စမတ်ဖုန်းတွေကို ခြိမ်းခြောက်မှုလုပ်လာဖို့ ရှိပါတယ်။ 



OPPO Find N ကို ဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့် မဖြန့်ချိနိုင်ခဲ့တာကို စဉ်းစားရင် OnePlus ရဲ့ Foldable ဖုန်းကို ၂၀၂၃ ရောက်မှ မြင်ရဖို့ အလားအလာ ပိုများပါတယ်။ လက်ရှိ Foldable စမတ်ဖုန်းဈေးကွက်ဟာ ယှဉ်ပြိုင်စရာ Brands နည်းသလို ဈေးနှုန်းအားဖြင့်လည်း အတော်လေး မြောက်တယ်ဆိုတဲ့ နှုန်းထားနဲ့ ဈေးကွက်ဝင်နေတာပါ။ Foldable ဖုန်းဈေးကွက်မှာ ပြိုင်ဘက်တွေ ပိုများလာမယ်ဆိုရင် ပိုကောင်းတဲ့ထုတ်ကုန် ၊ ပိုသင့်တင့်တဲ့ ဈေးနှုန်းနဲ့ Foldable ဖုန်းအဆန်းတွေကို မြင်ရတော့မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က