လာမယ့် မေလ ၁၄ ရက်နေ့မိတ်ဆက်သွားမယ့် OnePlus 7 Pro ဟာ စိတ်လှုပ်ရှားစရာ features တွေ ပါသလို ဈေးကလည်း အတော်လေး မြောက်ဖို့ရှိပါတယ်။
OnePlus ကုမ္ပဏီကတော့ ဒီဖုန်းဟာ Triple lens နဲ့လာမယ်လို့အတည်ပြုထားပြီး ကင်မရာ setup အနေနဲ့ဖုန်းကိုယ်ထည်ကျောဘက်အလယ်မှာ ထောင်လိုက် ကင်မရာ ၃ လုံးတွဲ စနစ်ကို သုံးထားတာပါ။ သုံးသွားမယ့် ကင်မရာတွေအကြောင်း မသိရသေးပေမယ့် 48MP ကင်မရာ ၊ 3x zoom ဆွဲနိုင်တဲ့ တယ်လီကင်မရာနဲ့၁၁၇ ဒီဂရီ ultra-wide ကင်မရာဆိုပြီး ကင်မရာ ၃ လုံး သုံးမယ်လို့ခန့်မှန်းနေကြပါတယ်။
နောက်ထပ် စောင့်ကြည့်ရမှာက ဒီဖုန်းရဲ့ display ပါ။ OnePlus ကတော့ OnePlus 7 Pro ရဲ့ display သစ်ဟာ super-smooth ဖြစ်ပြီး သုံးရတာ အလွန်မြန်မယ်လို့ဆိုပါတယ်။ တစ်ချို့ကတော့ OnePlus 7 Pro ဟာ Quad HD+ Super AMOLED display ကို သုံးပြီး refresh rate မှာ 90Hz ပါရှိမယ်လို့လည်း ပြောနေကြပါတယ်။
OnePlus စမတ်ဖုန်းတွေဟာ high-end ဖုန်းတွေ ဖြစ်လို့OnePlus 7 Pro မှာ Snapdragon 855 SoC ကို သုံးသွားဖို့သေချာသလောက် ရှိပါတယ်။ ဖုန်းကာလာအနေနဲ့Mirror Grey ၊ Almond နဲ့Nebula Blue ကာလာ ၃ ရောင်နဲ့လာဖို့ရှိပြီး ဈေးနှုန်းပိုင်းမှာ သူ့အရင် ထွက်ထားတဲ့ OnePlus 6T ထက် ဒေါ်လာ ၂၀၀ ကျော် ပိုများမယ်လို့ဆိုပါတယ်။
Photo: Redmond Pie
Android Central မှာ ဖော်ပြချက်အရ အနိမ့်မော်ဒယ် RAM 6GB ဟာ ဒေါ်လာ ၇၀၀ ( မြန်မာငွေ ၁၀ သိန်းခွဲခန့်) ဈေးနဲ့ရောင်းချသွားပြီး RAM 8GB မော်ဒယ်ကို ၇၄၉ ဒေါ်လာ ( မြန်မာငွေ ၁၁ သိန်းခွဲခန့်) နဲ့ရောင်းချသွားမယ်လို့ဖော်ပြထားပါတယ်။ အထူး Edition အနေနဲ့RAM 12GB/256GB storage မော်ဒယ်ကိုတော့ ၈၁၉ ဒေါ်လာ ( မြန်မာငွေ ၁၂ သိန်း ခွဲခန့်) ဈေးနဲ့ရောင်းချသွားဖို့ရှိပါတယ်။ ဒီဖုန်းမှာ တစ်ခြားဘာထူးခြားတဲ့ features တွေ ပါဦးမလဲ ဆိုတာ လာမယ့် မေလ ၁၄ ရက်နေ့မှာ သိရတော့မှာပါ။