AI တွေကို လူလို ခိုင်းနိုင်တဲ့အဆင့်က အတော်ခရီးရောက်နေပြီလို့ ပြောလို့ရတယ်။ အခု OpenAI က ထုတ်တဲ့ AI agent ဆို ကိုယ့်အတွင်းရေးမှူးတစ်ယောက်လို လုပ်စရာတွေ သူ့ဘာသာ တန်းစီလုပ်သွားနိုင်ပါတယ်။
ဒါကို Operator လို့ နာမည်ပေးထားပါတယ်။ ဒီ agent က သူ့သီးသန့် browser ကိုသုံးပြီး ခရီးသွားဖို့ စီစဉ်တာကနေ အွန်လိုင်းအော်ဒါမှာတာတွေအထိ အလိုအလျောက် လုပ်ပေးနိုင်မှာပါ။ ဒီလို လုပ်နိုင်အောင်လည်း web pag ပေါ်က ခလုတ်တွေ ၊ menus နဲ့ text fields တွေ ဝင်ဖြည့်တာ/နှိပ်တာတွေနဲ့ train ထားတာပါ။
စက်ရုပ်ဟုတ်မဟုတ် CAPTCHA စစ်တာမျိုး ၊ ပိုက်ဆံချေတာနဲ့ password ဖြည့်တာမျိုးမှ users ကို ဝင်ဖြည့်ဖို့ AI က လာပြမှာပါ။ ကိုယ်ခိုင်းထားတဲ့အလုပ် လုပ်ပြီးသွားရင်လည်း ကိုယ့်ကို နောက်ထပ် ဘာလုပ်စရာရှိသေးလဲဆိုပြီး follow-up တွေ မေးနိုင်စွမ်း ရှိပါတယ်။
ကွန်ပျူတာအသုံးပြု agent (CUA) သုံး Operator က OpeanAI ရဲ့ ပထမဆုံး Agents တွေထဲက တစ်ခုဖြစ်ပြီး GPT -4o ရဲ့ အဆင့်မြင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းနဲ့ ဝက်ဘ်ဆိုက်တွေဆီ သွားနိုင်မှုတွေ ပေါင်းစပ်ထားတာပါ။ ကိုယ်ခိုင်းချင်တဲ့ ပုံစံအတိုင်းလည်း customize လုပ်ထားလို့ ရမှာပါ။
လောလောဆယ်အထိတော့ Operator agent ကို အမေရိကန်က ChatGPT Pro သမားတွေပဲ အစမ်းပေးသုံးသွားမှာ ဖြစ်ပြီး နောက်ပိုင်းတော့ Plus ၊ Team နဲ့ Enterprise users တွေအထိ တိုးချဲ့ဖြန့်ချိပေးမယ်လို့ ဆိုပါတယ်။