Aventers Infinity War : End Game ရုပ်ရှင်ကို စတင်ပြတဲ့နေ့မှာပဲ F11 Pro Avengers Limited Edition နဲ့ F Series မျိုးဆက်သစ် F11 စမတ်ဖုန်းတို့ကိုမိတ်ဆက်ခဲ့တာပါ။

ကမ္ဘာ့တဝမ်းလူကြိုက်များတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်လာနေတဲ့ OPPO ကနေပြီး လူငယ်တွေအထူး အကြိုက်တွေ့ မယ့် OPPO F11 Pro Avengers Limited Edition နဲ့ သူတို့ရဲ့ F Series မျိုးဆက်သစ် F11 စမတ်ဖုန်းတို့ကို ဧပြီလ ၂၆ ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။



ကမ္ဘာတဝမ်းက Marvel Super Heros ပရိသတ်တွေအထူးမျှော်လင့်စောင့်စားနေကြတဲ့ Aventers Infinity War : End Game ရုပ်ရှင်ကို စတင်ပြတဲ့နေ့မှာပဲ လှည်းတန်းစံရိပ်ငြိမ်ဂမုန်းပွင့်ရှိ မင်္ဂလာရုပ်ရှင်ရုံမှာ ယင်းရုပ်ရှင်ဇာတ်ကား အထူးပွဲ ပြသရင်း F11 Pro Avengers Limited Edition နဲ့ F Series မျိုးဆက်သစ် F11 စမတ်ဖုန်းတို့ကိုမိတ်ဆက်ခဲ့တာပါ။

အဆိုပါမိတ်ဆက်ပွဲကို OPPO ရဲ့ Brand Ambassador တွေဖြစ်တဲ့ ပိုင်တံခွန်၊ ဝတ်မှုန်ရွှေရည်၊ ပိုင်ဖြိုးသု တို့နဲ့ OPPO မှတာဝန်ရှိသူများ၊ မီဒီယာများ၊ OPPO ရဲ့စီးပွားဖက်လုပ်ငန်းရှင်များ၊ OPPO အသုံးပြုသူများတက်ရောက်ခဲ့ကြကာ Brand Ambassador များနဲ့ အမှတ်တရဓါတ်ပုံရိုက်ခြင်း၊ Avengers Infinity War: End Game ရုပ်ရှင်အတူကြည့်ခြင်း၊ OPPO F11 Pro စမတ်ဖုန်းတစ်လုံးမဲနှိုက်ပေးခြင်းအစီအစဉ်တို့နဲ့အတူ ပျော်ပျော်ပါးပါးကျင်းပခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းရှိ လူငယ်လူရွယ်တွေအတွက် စမတ်ဖုန်းဒီဇိုင်းဆန်းများ အစဉ်ထုတ်ပေးလျက်ရှိတဲ့ OPPO ဟာ ယခုအကြိမ်မှာ Marvel ပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ် အမှတ်တရအဖြစ် Avengers စူပါဟီးရိုးဇာတ်ကောင် တွေရဲ့ ပေါ်လွင်ထင်ရှားတဲ့ လက္ခဏာများပါရှိသည့် F11 Pro ဖုန်းကို မိတ်ဆက်လိုက်တာပါ။

OPPO F11 Pro Avengers Limited Edition ဖုန်းမှာ Avengers အဖွဲ့ခေါင်းဆောင် Captain America ကဲ့သို့ လှပခံ့ညားတဲ့စမတ်ဖုန်းကိုယ်ထည်ဒီဇိုင်း၊ Iron Man ရဲ့ ပျံသန်းနိုင်သော ချပ်ဝတ်တန်ဆာကဲ့သို့ နည်းပညာ အဆင့်အတန်းမြင့်မားတဲ့ Rising Camera၊ Thor ရဲ့ မိုးကြိုးလျှပ်စီးအစွမ်းကဲ့သို့ အလွန်မြန်ဆန်တဲ့ VOOC 3.0 အားသွင်းစနစ်၊ Hulk လို ခံနိုင်ရည်အားကောင်းသော တည်ဆောက်မှုရှိတဲ့ 6GB RAM + 128GB ROM သိုလှောင်မှုပမာဏ၊ Black Widow ကဲ့သို့ ပေါ့ပါးသွက်လက်မြန်ဆန်သော Hyper Boost စနစ်နဲ့ ညအချိန်မှာပင် မှန်ကန်တိကျစွာ မြားပစ်နိုင်တဲ့ Hawkeye ကဲ့သို့ အလင်းမှိန်မှိန်တွင် ပုံရိပ်များကို ထင်ရှားစွာရိုက်ကူးနိုင်မယ့် 48MP ပါ ကျောဘက်ကင်မရာနှစ်လုံးတို့ ပါရှိပါတယ်။

F11 Pro Avengers Limited Edition စမတ်ဖုန်းအရောင်ကို Avengers: Endgame ရုပ်ရှင်ဇာတ်ကားမှ စေ့ဆော်ဖန်တီးထားခြင်းဖြစ်ပြီး Space Blue အရောင်လု့ိ အမည်ပေးထားပါတယ်။ ဖုန်းကိုယ်ထည်နောက်ခံကို အပြာရောင်ဆဋ္ဌဂံအကွက်လေးများဖြင့် အလှဆင်ထားပြီး OPPO အမှတ်တံဆိပ်ရောင်ပြေး effect များကို ထည့်သွင်းပုံဖော်ထားတာတွေ့ရပါတယ်။ အနီရောင်ရင့်ရင့်ရှိတဲ့ Avengers logo ဟာအပြာရောင်နောက်ခံနဲ့အတူ ဆွဲဆောင်မှုရှိတဲ့ အနီနဲ့အပြာ ဆန့်ကျင်ဘက်အရောင်ပေါင်းစပ်မှုကို ဖန်တီးပေးရုံသာမက ဖုန်းဘေးဘက်ရှိ အနီရောင်ခလုတ်ကိုလည်း သိသာထင်ရှားစေပါတယ်။ စမတ်ဖုန်းကျောဘက်ရှိ ကြီးမားသောတစ်ပိုင်းတစ်စ logo နဲ့ ကင်မရာတွေအပေါ်ဘက်ရှိ ပြည့်စုံတဲ့ logo များဖြင့် Limited Edition စမတ်ဖုန်းကို အနုပညာမြောက်အောင် ဖန်တီးထားတာကိုခံစားရမှာပါ။ ရင်သပ်ရှုမောဖွယ် Panoramic Screen နဲ့တွေ့မြင်ရမယ့် Limited Edition ဖုန်းမှာ အမြင်အာရုံကို ညှို့ယူဖမ်းစားနိုင်တဲ့ Avengers Logo Wallpaper လည်းပါရှိမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ ၅၅၉၉၀၀ ကျပ် ဖြစ်ပါတယ်။

ဒါ့အပြင် OPPO Myanmar ဟာ F Series ရဲ့ နောက်ထပ်မျိုးဆက်သစ်ဖြစ်တဲ့ OPPO F11 စမတ်ဖုန်းကိုလည်း မိတ်ဆက်သွားပါသေးတယ် ။ OPPO F11 စမတ်ဖုန်းဟာ ရေစက်ပုံစံမျက်နှာပြင်၊ ၆.၅ လက်မရှိတဲ့ မျက်နှာပြင် အရွယ်အစား၊ ၉၀.၇၀% ရှိသော မျက်နှာပြင်အချိုး၊ ညအချိန်မှာပင် ပိုမိုကြည်လင်ပြတ်သားသော ဓာတ်ပုံရုပ်ထွက်များ ရရှိစေမယ့် 48MP+5MP ကျောဘက်ကင်မရာနှစ်လုံး၊ ပိုမိုလှပသော Selfie ပုံများကို ရရှိစေမယ့် 16MP AI Beauty ရှေ့ဘက်ကင်မရာ၊ ပုံမှန်အားသွင်းစနစ်များထက် တစ်နာရီပိုမြန်သော VOOC 3.0 အမြန်အားသွင်းစနစ်၊ တစ်နေကုန် အသုံးပြုနိုင်သော တာရှည်ခံတဲ့ 4,020mAh ဘက်ထရီပမာဏ၊ ဖုန်းစွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်စေပြီး တုံ့ပြန်အား ပိုကောင်းစေသော Hyper Boost စနစ်၊ 4GB RAM+ 128GB ROM သိုလှောင်မှုပမာဏနှင့် Android 9.0 ကို အခြေခံထားသော ColorOS 6 ဖြင့် ထွက်ရှိမှာဖြစ်ပါတယ်။ F11 ဖုန်းကို ဆန်းသစ်လှပတဲ့ Fluorite Purple အရောင်နဲ့ Marble Green အရောင်ဆိုတဲ့ 3D အရောင်ပြေးကာလာနှစ်မျိုးဖြင့် ရရှိနိုင်မှာ ဖြစ်ပြီးဈေးနှုန်းကတော့ ၃၇၉၉၀၀ ကျပ် ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က