OPPO Myanmar က ပြီးခဲ့တဲ့ သြဂုတ်လ ၃ဝရက်နေ့က တရားဝင်အခမ်းအနားနဲ့ မိတ်ဆက်ကြေညာလိုက်တဲ့ OPPO F9 စမတ်ဖုန်းသစ်အတွက် Pre Order တွေကို သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၆ရက်အထိ လုပ်ဆောင်နိုင်ပြီး အဲဒီကာလအတွင်း F9 ဖုန်းမှာယူသူတွေအနေနဲ့တစ်နိုင်ငံလုံးကိုစတင်ရောင်းချမယ့် စက်တင်ဘာလ ၈ရက်နေ့မှာ ကိုယ်မှာထားတဲ့ OPPO အရောင်းဆိုင်တွေမှာသွားရောက်ထုတ်ယူရင် OPPO အမှတ်တံဆိပ်ပါ ၃ဝ,ဝဝဝ ကျပ် တန် ကျောပိုးအိတ်တစ်လုံးကို လက်ဆောင်အဖြစ်ရယူနိုင်မှာပါ။
စက်တင်ဘာလ ၈ရက်နေ့ကျော်မှဝယ်ယူသူတွေအနေနဲ့လည်း OPPO ကစီစဉ်ပေးထားတဲ့ Gift Set လက်ဆောင်တစ်ခုကို ရရှိနိုင်မှာဖြစ်ပါတယ်။ OPPO F9 ရဲ့ဈေးနှုန်းမှာ ၃၉၉,၉ဝဝ ကျပ်ဖြစ်ပြီး Sunrise Red နဲ့ Twilight Blue ၂မျိုးအနက်က နှစ်သက်ရာအရောင်ကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။
OPPO အနေနဲ့ ယခု OPPO F9 ထုတ်ကုန်သစ်အတွက် သုံးစွဲသူတွေကို အထူးဒေတာပက်ကေ့ချ်တွေပေးအပ်နိုင်စေဖို့ တယ်လီနောမြန်မာနှင့်လက်တွဲပူးပေါင်းထားပါသေးတယ်။ OPPO F9 သုံးစွဲသူအနေနဲ့ ဖုန်းဘေလ် ၅,ဝဝဝ ကျပ်ဖြည့်သွင်း ရုံနဲ့ 1GB အင်တာနက်ဒေတာကိုရရှိမှာဖြစ်ပြီး တစ်လအတွင်း ဒုတိယအကြိမ်မြောက် ဖုန်းဘေလ် ၅,ဝဝဝ ကျပ်ထပ်မံ ဖြည့်သွင်းပါက နောက်ထပ် 1GB အင်တာနက်ဒေတာကို ဆက်လက်ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ခံစားခွင့်သက်တမ်း မှာ တစ်နှစ်ရရှိမှာဖြစ်တဲ့အတွက် OPPO F9 သုံးစွဲသူတွေအနေနဲ့ စုစုပေါင်း ရရှိခံစားနိုင်မယ့် အင်တာနက်ဒေတာပမာဏဟာ 24GB အထိရှိမှာပါ။ OPPO Myanmar နဲ့ တယ်လီနောမြန်မာတို့ ယခုလိုလက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းကြောင့် OPPO F9 စမတ်ဖုန်းသုံးစွဲသူတွေအနေနဲ့ တယ်လီနောရဲ့အကောင်းဆုံး ကွန်ရက်အသုံးပြုမှု အတွေ့အကြုံနဲ့ OPPO ရဲ့ထူးခြားဆန်းသစ်တဲ့ စမတ်ဖုန်းအသုံးပြုမှုအတွေ့အကြုံတွေကို တစ်ပြိုင်နက်တည်း ထိတွေ့ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
OPPO F9 မှာ ၆.၃လက်မအရွယ်ရှိ FullHD+ 1080x2340 pixels ရုပ်ထွက်အရည်အသွေးထောက်ပံ့ထားတဲ့ ရေစက်ပုံစံ မျက်နှာပြင်ဒီဇိုင်းပါဝင်ပြီး ကောင်းမွန်တဲ့ဓာတ်ပုံတွေနဲ့ အလှ Portrait ပုံတွေရိုက်ယူနိုင်ဖို့အတွက် 16MP+2MP ကင်မရာ၂လုံးကို ဖုန်းနောက်ဘက်မှာတပ်ဆင်ပေးထားပါတယ်။ Selfie ရိုက်ကူးမှုအတွက် အဆင့်မြှင့်တင်ထားတဲ့ AI 2.1 version ထောက်ပံ့ထားတဲ့ 25MP အရည်အသွေးရှိကင်မရာကိုအသုံးပြုထားပါတယ်။ ဒီဇိုင်းပိုင်းမှာ ပိုမိုဆွဲဆောင်မှုရှိတဲ့ ၂ရောင်စပ် Gradient Colour ကိုအသုံးပြုထားပြီး ဘေးဘောင်တွေအတွက်ပါ ထူးခြားတဲ့ Spraying Technology ကိုအသုံးပြုပေးထားတာကိုတွေ့ရပါတယ်။ OPPO F9 မှာ “၅မိနစ်အားသွင်း၊ ၂နာရီဖုန်းပြော” ဆောင်ပုဒ်ကို ဖြည့်ဆည်းပေးမယ့် VOOC Flash Charge အမြန်အားသွင်းနည်းပညာလည်းထောက်ပံ့ပေးထားပါတယ်။ ဖုန်းလုံခြုံမှုအတွက် အလွှာ ၅လွှာနဲ့ ကာကွယ်ပေးထားတဲ့အတွက် အမြင့်ဆုံးအဆင့်အထိ ဖုန်းအားသွင်းမှုကိုကာကွယ်ပေးထားနိုင်မှာဖြစ်ပါတယ်။ RAM 4GB နဲ့ ROM 64GB ပါဝင်ပြီး SIM ကဒ် ၂ကဒ်နဲ့အတူ SD ကဒ်ကိုပါ 256GB အထိတပ်တိုးအသုံးပြုနိုင်မှာပါ။ Octa-core 2.0 GHz မြန်နှုန်းရှိ Helio P60 Chipset ကိုအသုံးပြုထားပြီး ပိုမိုကြာရှည်ခံစေမယ့် 3500mAh battery အမျိုးအစားကိုအသုံးပြုပေးထားသည်။ Android OS 8.1 ကိုအခြေခံတဲ့ OPPO ရဲ့ ColorOS 5.2 version အသစ်ကြောင့် ဖုန်း battery သက်တမ်းနဲ့ မြန်ဆန်သွက်လက်မှုကို ပိုမိုရရှိစေဦးမှာပဲ ဖြစ်ပါတယ်။