ပိုမိုခေတ်ဆန်လာတဲ့အရောင်ပြေး Gradien Color သစ်ဖြစ်တဲ့ Starry Purple ခရမ်းရောင်သစ်ကို OPPO F9 အတွက် အသစ်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး လေးနက်တဲ့အနုပညာဖန်တီးမှုနဲ့ ကမ္ဘာကျော် ပန်းချီဆရာကြီး Van Gogh ရဲ့ကြယ် စင်စုပန်းချီကားတို့ကို အခြေခံကာဖန်တီးပေးလိုက်တာပဲ ဖြစ်ပါတယ်။ ခရမ်းရောင်ရဲ့ထူးခြားလေးနက်တဲ့အဓိပ္ပာယ်တွေမှာ ကိုယ့်ရဲ့ကိုယ်ပိုင်အစွမ်းအစတွေကို ပိုမိုလွတ်လပ်စွာဖန်တီးစေခြင်းကို ဖော်ညွှန်းထားတဲ့အပြင် ၂ဝ၁၈ ခုနှစ်ရဲ့ခေတ် ရေစီးကြောင်းကာလာတစ်ခုအဖြစ်ပါ Panton Color Institute က သတ်မှတ်ထားပါတယ်။
OPPO F9 (Starry Purple) အရောင်ကို စက်တင်ဘာလ ၂၈ရက်မှစတင်ကာ သက်ဆိုင်ရာ OPPO အရောင်းဆိုင်တွေမှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ဈေးနှုန်း ၄၁၉,၉ဝဝ ကျပ်ဖြင့် ရောင်းချပေးသွားမှာပါ။ OPPO F9 (Starry Purple) ကိုဝယ်ယူသူတွေဟာ Telenor ကပေးတဲ့ ဒေတာပက်ကေ့ချ်ကိုရရှိဦးမှာဖြစ်ပြီး တစ်လကို ဖုန်းဘေလ် ၅ဝဝဝ ကျပ်ဖြည့်သွင်းရုံနဲ့ 1GB ခံစားခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။ တစ်လအတွင်း နောက်ထပ် ဖုန်းဘေလ် ၅,ဝဝဝ ကျပ်ထပ်မံဖြည့်သွင်းပါက နောက်ထပ်တစ်ကြိမ် 1GB ထပ်မံရရှိဦးမယ့်အပြင် အဲဒီအကျိုးခံစားခွင့်ကို ၁နှစ်တိတိ ရမှာဖြစ်တဲ့အတွက် စုစုပေါင်းဒေတာပက်ကေ့ချ်ခံစားခွင့်မှာ 24GB အထိရှိမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၂၈ရက်မှ ၃ဝရက်အတွင်း ကြိုတင်မှာယူသူတွေအနေနဲ့ OPPO အမှတ်တံဆိပ်ပါ ကျောပိုးအိတ်တစ်လုံးကို လည်းအထူးလက်ဆောင်အဖြစ် ရရှိဦးမှာပါ။
OPPO F9 (Starry Purple) မှာ 1080x2340 pixels ရုပ်ထွက်အရည်အသွေးရှိ ၆.၃ လက်မအရွယ်ရှိ Display အမျိုးအစား ကိုအသုံးပြုပေးထားပြီး ခေတ်ရှေ့ပြေးဒီဇိုင်းတစ်ခုလို့ဆိုနိုင်တဲ့ ကမ္ဘာ့ပထမဆုံး Waterdrop Design ရေစက်ပုံစံမျက်နှာပြင် ကိုသုံးပေးထားပါတယ်။ မျက်နှာပြင် 19.5:9 aspect ratio ကိုရယူဖန်တီးထားတဲ့အပြင် မျက်နှာပြင်နဲ့ကိုယ်ထည် အချိုးအစား (screen to body ratio) 90.8% အထိရှိစေမှာဖြစ်တဲ့အတွက် ဘေးဘောင်ပိုမိုကျဉ်းမြောင်းပြီး မြင်ကွင်း ကျယ်အတွေ့အကြုံကိုအပြည့်အဝရရှိမှာပါ။ အဆင့်မြင့် AI နည်းပညာပေါင်းစပ်ထားတဲ့ 25MP ရှေ့ကင်မရာ နှင့်အတူ 16MP+2MP နောက်ကင်မရာ၂လုံးတို့ကို ထည့်သွင်းတပ်ဆင်ပေးထားသည့်အတွက် သဘာဝကျတဲ့ Selfie ဓာတ်ပုံတွေအပြင် Bokeh Effect ပါဝင်တဲ့ အလှဓာတ်ပုံတွေကိုပါ စိတ်တိုင်းကျရိုက်ယူနိုင်စေဦးမှာဖြစ်ပါတယ်။ Octa-core 2.0 GHz မြန်နှုန်းရှိ Helio P60 chipset နဲ့အတူ RAM 4GB တို့က မြန်ဆန်သွက်လက်တဲ့စွမ်းဆောင်ရည်ကိုအပြည့်အဝ ပေးစွမ်းမှာဖြစ်ပါတယ်။ Internal Memory အတွက် 64GB တစ်ပါတည်းပါဝင်ပြီး Micro SD ကဒ်မှတစ်ဆင့် 256GB အထိထပ်မံတိုးမြှင့်နိုင်ပါတယ်။ Triple-slot tray ကိုအသုံးပြုထားတာကြောင့် 4G ကွန်ရက်စနစ်သုံး SIM ကဒ်၂ ကဒ်ကိုပါတစ်ပြိုင်တည်းအသုံးပြုနိုင်ဦးမှာပါ။ Android OS 8.1 ပေါ်မှာအခြေခံထားတဲ့ OPPO ရဲ့ကိုယ်ပိုင် ColorOS 5.2 version ကထိတွေ့သုံးစွဲမှုပိုင်းပိုမိုကောင်းမွန်စေတဲ့အပြင် battery သက်တမ်းကိုပါပိုမိုကြာရှည်ခံစေမှာဖြစ်ပါတယ်။ OPPO F9 (Starry Purple) မှာ ၅မိနစ်အားသွင်း၊ ၂နာရီဖုန်းပြောဆိုနိုင်မယ့် VOOC Flash Charge အမြန် အားသွင်းစနစ်ပါဝင်ပြီး မိနစ်၃ဝအားသွင်းလိုက်ရုံနဲ့ 3500mAh battery ကို ၅ဝ ရာခိုင်နှုန်းကျော်အထိအားပြည့်စေမှာပဲ ဖြစ်ပါတယ်