၂၀၂၃ အကုန် ၂၀၂၄ မှာ ဖြန့်ချိဖို့ ရှိပါတယ်

တရုတ်စမတ်ဖုန်းကုမ္ပဏီ OPPO ရဲ့ ကိုယ်ပိုင်လျှပ်စစ်ကားကို လာမယ့် ၂၀၂၄ ခုနှစ် နောက်ပိုင်းမှာ မြင်ရဖို့ ရှိပါတယ်။ 



BBK Electronics ပိုင် စမတ်ဖုန်း Brand တစ်ခု ဖြစ်တဲ့ OPPO ကုမ္ပဏီဟာ ကိုယ်ပိုင်လျှပ်စစ်ယာဉ် EV တွေ ထုတ်ဖို့ ကြိုးစားနေတယ်ဆိုပြီး သတင်းထွက်နေတာ ကြာပြီ ဖြစ်ပါတယ်။ လျှပ်စစ်ကားတွေနဲ့ Autopilots နည်းပညာတွေ အပါအဝင် ယာဉ်ပိုင်းဆိုင်ရာထုတ်ကုန်တွေနဲ့ ဆက်စပ်ပြီး Brands အများအပြားလည်း မှတ်ပုံတင်ထားတယ်လို့ Gizchina သတင်းက ဖော်ပြပါတယ်။ 


Photo: Gizmochina

91Mobiles သတင်းမှာတော့ နာမည်ကြီးသတင်းပေးသူတစ်ဦးဖြစ်တဲ့ Mukul Sharma ဆီက သတင်းကို ကိုးကားပြီး လာမယ့် ၂၀၂၃ အကုန် ၂၀၂၄ ဆန်းလောက်ကစပြီး OPPO ရဲ့ကိုယ်ပိုင်လျှပ်စစ်ကားကို အိန္ဒိယဈေးကွက်မှာ မြင်တွေ့ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ OPPO ကနေ ထုတ်မယ့် EV ယာဉ်တွေထဲမှာ မောင်းသူမဲ့ယာဉ်တွေနဲ့ လျှပ်စစ်စကူတာလိုမျိုးတွေလည်း ပါလာဖို့ ရှိပါတယ်။ 

ထုတ်ကုန်ရဲ့နည်းပညာအချက်အလက်အကြောင်းတော့ လောလောဆယ် မသိရသေးပါဘူး။ လျှပ်စစ်ယာဉ်တွေ ထုတ်လုပ်ဖို့ OPPO ဟာ တခြား Third-Party ယာဉ်ထုတ်လုပ်တဲ့ ကုမ်ပဏီတွေနဲ့ ပူးပေါင်းသွားမလား ၊ ဒါမှမဟုတ် ပစ္စည်းအစိတ်အပိုင်းတွေ ကိုယ့်ဘာသာ တပ်ဆင်ထုတ်လုပ်သွားမလားဆိုတာလည်း စောင့်ကြည့်ရဦးမှာပါ။ အိန္ဒိယနိုင်ငံဟာ လျှပ်စစ်ယာဉ်အရောင်း တက်လာနေတဲ့ ဈေးကွက်ကြီးတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ 

၂၀၂၁ ဧပြီကနေ စက်တင်ဘာအထိ နှစ်ဝက်အတွင်း အိန္ဒိယမှာ လျှပ်စစ်ယာဉ်အစီးရေ ၆၂၆၁ စီး ရောင်းခဲ့ရပြီး ဒါဟာ ပြီးခဲ့တဲ့တစ်နှစ်လုံးရောင်းအား အစီးရ ၅၉၀၅ စီးထက် ပိုသလွန်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ဧပြီ-စက်တင်ဘာလအတွင်း လျှပ်စစ်ယာဉ်ပေါင်း ၁၈၇၂ စင်းရောင်းခဲ့ရတာ ဖြစ်လို့ အိန္ဒိယဈေးကွက်အတွင်း လျှပ်စစ်ယာဉ်ရောင်းအားဟာ ၂၃၄% အထိ တက်လာတာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က