ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ OPPO ကနေပြီး COVID-19 ရောဂါ ကာကွယ်ကုသရေးအတွက် သက်ဆိုင်ရာ ဆေးရုံများ၊ ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သော ဆေးဝါးနှင့် အထောက်အကူပစ္စည်းများ ပြင်ဆင်ထားရှိနိုင်ရန်နှင့် အခြား လိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန် ကျပ်သိန်း ၂၀၀ ကို မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အခုလို COVID-19 ကပ်ဘေးနဲ့ကြုံတွေ့နေရတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုတို့ကို ဂရုတစိုက် အလေးထားခြင်း ဖြစ်သလို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လုပ်ဆောင်မည့် ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းစဉ်များကို ပိုမိုထိရောက်အဆင်ပြေစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ပါဝင်လှူဒါန်းခြင်းဖြစ်ကြောင်း OPPO ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
လှူဒါန်းမှုနှင့် ပတ်သက်လို့ OPPO Myanmar AED ၏ Project Director ဖြစ်သူ Mr. Will က “ ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို အဓိထား ဆောင်ရွက်ဖို့က OPPO ရဲ့ ဦးတည်ချက်တွေထဲက တစ်ခု ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှ မိဘပြည်သူတွေကို အခုလို တစ်ဖက်တစ်လမ်းကနေ ပြန်လည် အကျိုးပြု လှူဒါန်းခွင့်ရတာ အရမ်းပဲ ဝမ်းမြောက်မိပါတယ်။ ဒီလို အချိန်မျိုးမှာ အလွန် အရေးပါတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို အားဖြည့်ပံ့ပိုး ကူညီမှုကနေ တစ်ဆင့် မြန်မာနိုင်ငံမှာ COVID-19 ရောဂါကို အမြန်ဆုံးနဲ့ အောင်အောင်မြင်မြင် ကာကွယ်ထိန်းချုပ်တဲ့ နေရာမှာ အကူအညီ ဖြစ်စေဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် OPPO ဟာ မြန်မာပြည်သူများနဲ့ OPPO Myanmar AED ဝန်ထမ်းများရဲ့ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုတို့ကို ဦးစားပေး အလေးထား ဆောင်ရွက်လျက်ရှိရာ OPPO မိသားစုဝင် ဝန်ထမ်းတိုင်းအတွက် Mask များ၊ Hand Sanitizer များ လုံလောက်စွာ ပေးအပ်ခဲ့ပြီး ဝန်ထမ်းများကို မတ်လလယ် မှ စကာ တတ်နိုင်သမျှ မိမိတို့ နေအိမ်၌သာ နေ၍ အလုပ်လုပ်ကိုင်နိုင်စေရန် စီစဉ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
OPPO အရောင်း Centre များနှင့် Customer Service Centre များမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များနှင့်အညီ သန့်ရှင်းရေးနှင့် ကာကွယ်ရေး နည်းလမ်းများကို အထူး ဂရုပြုဆောင်ရွက်လျက် ရှိပြီး မြန်မာတစ်နိုင်ငံလုံးရှိ OPPO Customer Service Centre တိုင်းတွင် ဖုန်းကို ပိုးသတ်သန့်ရှင်းပေးသော Phone Santizing Machine များကိုလည်း OPPO တံဆိပ် ဖုန်းများသာမက မည်သည့်တံဆိပ် ဖုန်း ကိုင်ဆောင်သူမဆို အခမဲ့ လာရောက် အသုံးပြု နိုင်အောင် စီစဉ်ပေးထားတာကိုလည်း တွေ့ရပါတယ်။
OPPO စမတ်ဖုန်းများကို အရောင်းဆိုင်သို့ ကိုယ်တိုင် လာရောက်စရာမလိုဘဲ အိမ်တိုင် ရာရောက် ဝယ်ယူနိုင်ကြစေရန် ပို့ဆောင်ခ ပေးရန်မလိုဘဲ shop.com.mm (https://www.shop.com.mm/shop/oppo) မှ တစ်ဆင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန်လည်း စီစဉ်ပေးထားပါသေးတယ်။
ကမ္ဘာတဝန်းမှာ COVID-19 ရောဂါ လျှင်မြန်စွာ ကူးစက်ဖြစ်ပွားနေတာကြောင့် အားလုံး တက်ညီလက်ညီ ကြိုးစား ကာကွယ်လျက်ရှိရာ OPPO ကလည်း မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုတို့ကို အလေးထားသော အားဖြင့် ရောဂါကာကွယ်ရေးအတွက် လိုအပ်သော နေရာများသို့ လှူဒါန်းခြင်း၊ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် အညီ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခြင်းတို့အပြင် မိဘပြည်သူများအတွက် ကျန်းမာရေး အသိပညာများနှင့် COVID-19 ကာကွယ်ရန် နည်းလမ်းများကိုလည်း အွန်လိုင်းမှ တစ်ဆင့် ဝေမျှပေးခြင်း စသည့် နည်းလမ်းများဖြင့် မြန်မာနိုင်ငံကြီး ပြန်လည်ကျန်းမာရေး ဆောင်ရွက်ရာတွင် တစ်တပ်တစ်အား ပါဝင်လျက်ရှိတာပဲ ဖြစ်ပါတယ်။
(ဒီသတင်းကို OPPO Myanmar မှပံ့ပိုးကူညီထားပါတယ်)
Share